Blissful Party

Archive for June, 2012

မဟာသမယသုတ် (နတ်အစည်းအဝေး) အနက်

Posted by blissfulparty on June 4, 2012

မဟာသမယသုတ် (နတ်အစည်းအဝေး) အနက်

၁။ အကျွနုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် –

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံး နေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီ ရှိ သော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့ သည်လည်း မြတ်စွာဘုရားကို လည်းကောင်း ရဟန်း သံဃာ ကို လည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကုန်၏။

ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေသော ဗြဟ္မာလေးဦးတို့အား ဤသို့သော အကြံသည် ဖြစ်၏-
”ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်း ဖြစ်သော ရဟန်း သံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာ တစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်တို့သည် လည်း မြတ်စွာဘုရားကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက် ကုန်၏။ ငါတို့သည်လည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ အထံတော်၌ အသီးသီး ဂါထာ တစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ” ဟု (အကြံဖြစ်၏)။

၂။ ထိုအခါ ထိုဗြဟ္မာ (လေးဦး) တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောကျ်ားသည် ကွေးသောလက် ကို ဆန့်သကဲ့သို့ လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်းဤအတူ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာကုန်၏။

ထို့နောက် ထိုဗြဟ္မာ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ရပ်ပြီးလျှင် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

”(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာကြသဖြင့် အစည်းအဝေး ကြီးဖြစ်လျက် ရှိနေပါ၏၊ အကျွနု်ပ်တို့ သည် (ကိလေသာရန်သူတို့) မအောင်နိုင်သော သံဃာတော် ကို ဖူးမြော်ခြင်းငှါ ဤတရားသဘင် အစည်းအဝေးသို့ လာရောက် ပါကုန်၏” ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

”(အသျှင်ဘုရား) ထို (အစည်းအဝေး) ၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေလျှက် ဖြောင့်မတ်စွာ ပြုထားပါကုန်၏၊ ရထားထိန်း သည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့ ပညာရှိ (ရဟန်း) တို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူ ကြပါကုန်၏” ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

”(အသျှင်ဘုရား) မြတ်စွာဘုရား ကောင်းစွာ ဆုံးမထားပြီးဖြစ်၍ တဏှာကင်းလျက် သန့်ရှင်း စင်ကြယ်သော ထိုရဟန္တာငယ် တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်တံသင်းနှင့်တံခါး ကျည်မင်းတုပ်ကို ဖြတ်ပြီး လျှင် (ရာဂ ဒေါသ မောဟတည်း ဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည် သွားလာ နေကြကုန် ၏” ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

”(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့သည် အပါယ် ဘုံသို့ မရောက်ကြ ပါကုန် လတ္တံ့၊ လူ့ခန္ဓာကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကြပါကုန် လတ္တံ့” ဟု (ရွတ်ဆို၏)။

၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-

”ရဟန်းတို့ (စကြာဝဠာတစ်ထောင်စီရှိသော) လောကဓာတ်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရား ကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကြ ကုန်၏။ ရဟန်းတို့ အတိတ်ကာလ၌ ပွင့်တော်မူကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခု ငါ၏ လက်ထက်၌ ကဲ့သို့ ဤမျှအတိုင်း အရှည်ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးခဲ့ကြကုန်ပြီ။

ရဟန်းတို့ အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခုငါ၏ လက်ထက်၌ကဲ့သို့ ဤမျှ အတိုင်းအရှည် ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးကြကုန်လတ္တံ့။

ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ပြောကြားပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာ အပေါင်းတို့၏ အမည်တို့ကို ကြေငြာပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ဟောကြား ပေအံ့၊ ထိုစကားကို နာကြားကြလော့၊ ကောင်းစွာ နှလုံးသွင်းကြလော့၊ ဟောပြပေအံ့”ဟု (မိန့်တော်မူ၏)။

”ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။

၄။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

(ရဟန်းတို့) ဂါထာဖွဲ့၍ ဟောကြားပေအံ့၊ အကြင်ရဟန်းတို့သည် ဘုမ္မစိုးနတ်တို့ မှီဝဲနေထိုင်ရာ ဖြစ်သော ထိုထိုအရပ်ကို မှီ၍ နေကုန်၏၊ တောင်ခေါင်းကို မှီ၍ နေ ကုန်၏၊ ထိုရဟန်းတို့သည်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်၏၊ တည် ကြည်သော စိတ်ရှိကုန်၏၊ ထိုများစွာသော ရဟန်းတို့သည် ကြက်သီးမွေးညင်းမျှ ထခြင်း မရှိမူ၍ ခြင်္သေ့မင်းကဲ့သို့ တစ်းပါးတည်း ကိန်းအောင်းလေ့ရှိ ကုန်၏၊ ဖြူစင်သော စိတ်ရှိ၍ နောက်ကျု ကင်းလျက် သန့်ရှင်း ကြည်လင်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည် မဟာဝုန်တော၌ တပည့်သာဝက ငါးရာကျော်တို့သာသနာတော်ဝယ် မွေ့လျော် နေကြသည်ကို သိတော်မူ၍၊ ရဟန်း တို့ နတ်ဗြဟ္မာအပေါင်းတို့ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာ အပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့ဟုမိန့်တော်မူ၏၊ ထိုရဟန်းတို့ သည်လည်း မြတ်စွာဘုရား၏ အဆုံးအမကို ကြားနာရ၍ (သိခြင်းငှါ) အားထုတ် ကုန်၏။ ထိုရဟန်းတို့အား နတ်ဗြဟ္မာတို့ကို မြင်စွမ်းနိုင်သော ဒိဗ္ဗစက္ခုဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာတစ်ရာကို မြင်ကုန်၏၊ အချို့ သော ရဟန်းတို့သည်တစ်ထောင်ကို အချို့သော ရဟန်းတို့သည် ခုနစ်သောင်းကို အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ တစ်သိန်းကို မြင်ကုန်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ အနန္တကို မြင်ကုန်၏၊ အရပ်မျက်နှာ အားလုံးတို့သည် နတ်ဗြဟ္မာတို့ဖြင့် ပြည့်နှက်လျက် ရှိကုန်၏။ ထိုအခါ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထို (ရဟန်းတို့၏ အသီးသီးမြင်ပုံ) အလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြားမှတ်သားတော်မူပြီး လျှင် သာသနာတော်၌ မွေ့လျော်ကုန်သော တပည့်သာဝကာတို့အား မိန့်တော် မူ၏-

ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့သည် ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာအပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့၊ ယင်းနတ်ဗြဟ္မာတို့ ကို သင်တို့အားဂါထာဖြင့် အစဉ်အတိုင်း ငါ ပြောကြား ပေအံ့။

၅။ (ရဟန်းတို့) မြေ၌ တည်ကုန်သော ကပိလဝတ်ပြည်ကို မှီ၍ နေကုန်သော တန်ခိုးအာနုဘော် ကြီးကုန် သော အဆင်းလှကုန်သော အခြံအရံများကုန်သော ထိုခုနစ် ထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ ဟိမဝန္တာတောင် ၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ သာတာဂိရိတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော သုံးထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံ များကုန်သော ဤတစ်သောင်းခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ဝေဿာမိတ္တတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ငါးရာ သော နတ်တို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်ကုန်၏။ ရာဇဂြိုဟ်ပြည် ဝေပုလ္လတောင်၌ နေသော ကုမ္ဘီရနတ် (စစ်သူကြီး) ကို အသိန်း မကသော နတ်တို့သည်ခြံရံခစားကုန်၏၊ ရာဇဂြိုဟ်ပြည်၌ နေ သော ထိုကုမ္ဘီရနတ် (စစ်သူကြီး) သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်၏။

၆။ အရှေ့အရပ်ကို အုပ်စိုးသော ဂန္ဓဗ္ဗနတ်တို့၏အရှင် ဓတရဋ္ဌနတ်မင်းကြီး သည် များသော အခြံအရံ ရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန် သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအ ဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။

တောင်အရပ်ကို အုပ်စိုးသော ကုမ္ဘဏ်တို့၏အရှင် ဝိရူဠှက နတ်မင်းကြီးသည် များ သော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒအမည်ရှိသော သားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။

အနောက်အရပ်ကို အုပ်စိုးသော နဂါးတို့၏အရှင် ဝိရူပက္ခ နတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့ သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။

မြောက်အရပ်ကို အုပ်စိုးသော နတ်ဘီလူးတို့၏ အရှင်ကုဝေရနတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီးကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့ သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။

အရှေ့အရပ်၌ ဓတရဋ္ဌနတ်မင်းကြီး၊ တောင်အရပ်၌ ဝိရူဠှကနတ်မင်းကြီး၊ အနောက်အရပ်၌ဝိရူ ပက္ခနတ်မင်းကြီး၊ မြောက်အရပ်၌ ကုဝေရနတ်မင်းကြီး။ ထိုနတ်မင်းကြီး လေးယောက် တို့သည် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့၌ အလွန်တောက်ပ ကုန်လျက် ကပိလဝတ်ပြည် မဟာဝုန်တော၌ တည်ရှိကုန်၏။

၇။ ထို (နတ်မင်းကြီး) တို့၏ ကျွန်ယုံတော်ဖြစ်ကုန်သော ပရိယာယ်မာယာများ ကုန်သော လှည့်စား တတ်ကုန် သော ကောက်ကျစ်စဉ်းလဲ တတ်ကုန်သော မာယာနတ် ကုဋေဏ္ဍုနတ် ဝိဋေဏ္ဍုနတ် ဝိဋုစ္စနတ် ဝိဋုဋနတ်နှင့် တကွ –

စန္ဒနနတ် ကာမသေဋ္ဌနတ် ကိန္နိဃဏ္ဍုနတ် နိဃဏ္ဍုနတ်တို့သည် လာရောက် ကုန်၏၊ ပနာဒနတ် သြပမညနတ် ရထားထိန်းမာတလိနတ် စိတ္တမည်သောဂန္ဓဗ္ဗနတ် သေနမည်သောဂန္ဓဗ္ဗနတ် စိတ္တသေနမည်သောဂန္ဓဗ္ဗနတ် နဠရာဇာနတ် ဇနဝသဘနတ် ပဉ္စသိခနတ် တိမ္ဗရုနတ်သူရိယ ဝစ္ဆသာနတ်သမီး။ ဤ (ဆိုခဲ့ပြီးသော ဂန္ဓဗ္ဗနတ်) တို့သည် လည်းကောင်း တစ်ပါးသော နတ်တို့သည် လည်းကောင်း နတ်မင်းကြီးတို့နှင့် အတူ မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။

၈။ ထိုမှတစ်ပါး နာဂသအိုင်၌နေသော နဂါးတို့နှင့် ဝေသာလီ၌ နေသော နဂါး တို့သည် နဂါးပရိသတ်နှင့် အတူ လာရောက်ကုန်၏၊ ကမ္ပလမည်သောနဂါး အဿတရမည်သော နဂါးနှင့် ပယာဂဆိပ်၌ နေသော နဂါးတို့သည် ဆွေမျိုးတို့နှင့် အတူ လာရောက်ကုန်၏။ အခြံအရံများကုန်သော ယမုနာမြစ်၌ နေသော နဂါးတို့နှင့် ဓတရဋ္ဌအမျိုး၌ဖြစ်သော နဂါးတို့သည် လာရောက်ကုန်၏၊ ဧရာဝဏ် ဆင်ပြောင်ကြီးမည်သော ထိုနတ်သား သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ လာရောက် ကုန်၏။ အကြင်ဂဠုန်တို့သည် (ဆိုခဲ့ပြီးသော) နဂါးမင်းတို့ကို အနိုင်အထက်ပြု၍ ဖမ်းယူ နိုင်ကုန်၏၊ နတ်ကဲ့သို့အာနုဘော်ရှိကုန်၏၊ (အမိဝမ်းနှင့် ဥခွံတွင်းမှ) နှစ်ကြိမ် မွေးဖွားရကုန်၏၊ အတောင်ရှိကုန်၏၊ စင်ကြယ်သော မျက်စိအမြင် ရှိကုန်၏၊ စိတြသုပဏ္ဏ အမည်ရှိကုန်၏ ထိုဂဠုန်တို့သည်ကောင်းကင် ခရီးဖြင့် တောအုပ် အလယ်သို့ ရောက်လာကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်ဂဠုန်ဘေးမှ ငြိမ်းအောင် ပြုတော်မူသဖြင့် နဂါးတို့ အားဘေးကင်းလေ၏၊ နဂါးနှင့် ဂဠုန်တို့သည်သိမ်မွေ့သော စကားတို့ဖြင့် ခေါ်ဝေါ်ပြောဆိုလျက် မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်ကြ ကုန်၏။

၉။ ဝရဇိန်လက်နက်ရှိသော သိကြားမင်းကို စစ်ရှုံးသဖြင့် သမုဒ္ဒရာကို မှီ၍ နေရကုန်သောအသူရာ တို့သည် သိကြားမင်း၏ ညီနောင်တို့ပင် ဖြစ်ကုန်၏။

(by Sein Lan Myay မှ ကူးယူဖော်ပြပါသည်)

မဟာသမယသုတ်တော် ရွတ်ဆိုရခြင်း၏ အကျိုးကျေးဇူး
———————————————————–
မဟာသမယသုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ရသော အကျိုးဖြင့်သာသနာတော်စောင့် နတ်များ ချစ်ခင်ခြင်း၊ ဘေးဆိုး ရန်ဆိုးများ ပြေပျောက်ခြင်း၊ ဒေါသတရား နည်းပါးလာခြင်း၊ မောဟ စိတ်များ မဖုံးလွှမ်းနိုင်ခြင်းနှင့် လောကီကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကာ လောကုတ္တာရာ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သော သတ္တိထုူးများကို ရရှိစေတတ်ပါသည်။ “

Posted in Knowledge for Dhamma | Leave a Comment »

” မဟာသမယသုတ်ပါဠိ “

Posted by blissfulparty on June 4, 2012

၁။ ဧဝံ မေ သုတံ-ဧကံ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္မိ ံ
မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ဓိ ံ ပဉ္စမတ္တေဟိ ဘိက္ခုသတေဟိ
သဗ္ဗေဟေ၀ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယေဘုယျေန
သန္နိ-ပတိတာ ဟောန္တိ ဘဂဝန္တံ ဒဿနာယ, ဘက္ခုသံဃဉ္စ။
အထ ခေါ စတုန္နံ သုဒ္ဓါဝါသကာယိကာနံ ဒေဝတာနံ ဧတဒဟောသိ “အယံ ခေါ ဘဂဝါ
သက္ကေသု ဝိဟရတိ ကပိလဝတ္ထုသ္ံ မဟာဝနေ မဟတာ ဘိက္ခုသံဃေန သဒ္ံ
ပဉ္စမတ္ထေဟိ ဘိက္ခုသတေဟိ သဗ္ဗေဟေ၀ အရဟန္တေဟိ၊ ဒသဟိ စ လောကဓာတူဟိ
ဒေဝတာ ယေဘုယျေန သန္နိပတိတာ ဟောနိ ္တ ဘဂဝနံ ္တ ဒဿနာယ, ဘိ က္ခုသံဃဉ္စ။
ယံနူန မယမ္ပိ ယေန ဘဂဝါ, တေနုပသင်္ကမေယျာမ၊ ဥပသင်္ကမိတွာ ဘဂဝတော
သန္တိကေ ပစ္စေကံ ဂါထံ ဘာသေယျာမာ” တိ။

ဗြဟ္မာလေးဦး၏ လက်ဆောင်ဂါထာ
အထ ခေါ တာ ဒေဝတာ သေယျထာပိ နာမ ဗလဝါ ပုရိသော သမိဉ္ဇိတံ ဝါ
ဗာဟံ ပသာရေယျ, ပသာရိတံ ဝါဗာဟံ သမိေဉ္ဇယျ။ ဧဝမေ၀ သုဒ္ဓါဝါသေသု
ဒေဝေသ အန္တရဟိတာ ဘဂဝတော ပုရတော ပါတုရဟေသုံ။ အထခေါ
တာ ဒေဝတာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမနံ ္တ အဋ္ဌံသု။ ဧကမနံ ္တ ဌိတာ
ခေါ ဧကာ ဒေဝတာ ဘဂဝတော သနိ ္တကေ ဣမံ ဂါထံ အဘာသိ-
“မဟာသမယော ပဝနသ္မိ ံ၊
ဒေဝကာယာ သမာဂတာ။
အာဂတ’မှ ဣမံ ဓမ္မသမယံ၊
ဒက္ခိတာယေ အပရာဇိတသံဃ” နိ ္တ။
၂။ အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သနိ ္တကေ ဣမံ ဂါထံ အဘာသိ-
“တတြ ဘိက္ခဝေါ သမာဒဟံသု၊
စိတ္တမတ္တနော ဥဇုကံ အကံသု။
သာရထီ၀ နေတ္တာနိ ဂဟေတွာ၊
ဣန္ဒြိယာနိ ရက္ခနိ ္တ ပဏ္ဍိတာ” တိ။
၃။ အထ ခေါ အပရာ ဒေဝတာ ဘဂဝတော အနိ ္တကေ ဣမံ ဂါထံ အဘာသိ –
“ဆေတွာ ခီလံ ဆေတွာ ပလိဃံ၊
ဣန္ဒခီလံ ဦဟစ္စ မနေဇာ။
တေ စရနိ ္တ သုဒ္ဓါ ဝိမလာ၊
စက္ခုမတာ သုဒန ္တာ သုသုနာဂါ” တိ။
၄။ အထ ခေါ အပရာ ဒေဝတာ ဘဂဝတော သနိ ္တကေ ဣမံ ဂါထံ အဘာသိ –
“ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊
န တေ ဂမိဿနိ ္တအပါယဘူမိ ံ။
မဟာယ မာနုသံ ဒေဟံ၊
ဒေဝကာယံ ပရိပူရေဿနီ ္တ” တိ။

နတ်၊ ဗြဟ္မာတို့၏ အစည်းအဝေး
၅။ အထ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ “ယေဘုယျေန ဘိက္ခေ၀ ဒသသု
လောကဓာတူသု ဒေဝတာ သန္နိပတိတာ ဟောနိ ္တ တထာဂတံ ဒဿနာယ
ဘိက္ခုသံဃဉ္စ။
ယေပိ တေ ဘိက္ခေ၀ အဟေသုံ အတီတမဒ္ဓါနံ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ၊
တေသမ္ပိ ဘဂဝန္တာနံ ဧတံပရမာယေ၀ ဒေဝတာ သန္နိမတိတာ အဟေသုံ
သေယျထာပိ မယံှ ဧတရဟိ။
ယေပိတေ ဘိက္ခေ၀ ဘဝိဿန္တိ အနာဂတမဒ္ဓါနံ အရဟန္တောသမ္မာသမ္ဗုဒ္ဓါ၊
တေသမ္ပိ ဘဂဝန္တာနံ ဧတံပရမာယေ၀ ဒေဝတာ သန္နိပတိကာ ဘဝိဿန္တိ
သေယျထာပိ မယှံ ဧတရဟိ။
အာစိက္ခိဿာမိ ဘိက္ခေ၀ ဒေဝကာယာနံ နာမာနိ၊ ကိတ္တယိဿာမိ ဘိက္ခဝေ
ဒေဝကာယာနံ နာမာနိ၊ ဒေသေဿာမိ ဘိက္ခေ၀ ဒေဝကာယာနံ နာမာနိ၊
တံ သုဏာထ, သာဓုကံ မနသိကရောထ, ဘာသိဿာ မီ” တိ။ “ဧဝံ ဘနေ ္တ” တိ
ခေါ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။
ဘဝါ တေဒဝေါစ –

ရဟန်းတို့ ဒီဗ္ဗစက္ခုအဘိညာဉ် ဝင်စားခြင်း

၁။ သိလောက’ မနုဿာမိ၊ ယတ္ထ ဘုမ္မာ တဒဿိတာ။
ယေ သိတာ ဂိရိဂဗ ္ဘရံ၊ မဟိတတ္တာ သမာဟိတာ။
၂။ ပုထူသီဟာ၀ သလ္လီနာ၊ လောမဟံသာ ဘိသမ ္ဘုနော။
သြဒါတမနသာ သုဒ္ဓါ၊ ဝိပ္ပသန္န’ မနာဝိလာ။
၃။ ဘိယျော ပဉ္စသတေ ဉတွာ၊ ဝနေ ကာပိလဝတ္ထဝေ။
တတော အာမန ္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။
၄။ ဒေဝကာယာ အဘိက္ကန ္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။
တေ စ အာတပ္ပ’ မကရုံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။
၅။ တေသံ ပါတုရဟု ဉာဏံ၊ အမနုဿာနဒဿနံ။
အပ္ပေကေ သတမဒ္ဒက္ခုံ၊ သဟဿံ အထ သတ္တရိ ံ။
၆။ သတံ ဧကေ သဟဿာနံ၊ အမနုဿာန’ မဒ္ဒသုံ။
အပ္ပေကေနန ္တ’ မဒ္ဒက္ခုံ၊ ဒိသာ သဗ္ဗာ ဖုဋာ အဟုံ။

နတ်တို့၏အမည်ကိုဟောခြင်း
၇။ တဉ္စ သဗ္ဗံ အဘိညာယ၊ ၀ ဝတ္ထိတွာန စက္ခုမာ။
တတော အာမန ္တယီ သတ္ထာ၊ သာဝကေ သာသနေ ရတေ။
၈။ ဒေဝကာယာ အဘိက္ကန ္တာ၊ တေ ဝိဇာနာထ ဘိက္ခဝေါ။
ယေ ဝေါ’ ဟံ ကိတ္တယိဿာမိ၊ ဂိရာဟိ အနုပုဗ္ဗသော။
၉။ သတ္တသဟဿာ တေ ယက္ခာ၊ ဘုမ္မာ ကပိလဝတ္ထဝါ။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၁၀။ ဆသဟဿာ ဟေမဝတာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၁၁။ သာတာဂိရာ တိသဟဿာ၊ ယက္ခာ နာနတ္တသဏ္ဏိနော။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၁၂။ ဣစ္စေတေ သောဠသသဟဿာ၊
ယက္ခာ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၁၃။ ဝေသာမိတ္တာ ပဉ္စသတာ၊ ယက္ခာ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၁၄။ ကုမီ ္ဘရော ရာဇဂဟိကော၊ ဝေပုလ္လဿ နိဝေသနံ။
ဘိယျောနံ သတသဟဿံ၊ ယက္ခာနံ ပယိရူပါသတိ။
ကုမီ ္ဘရော ရာဇဂဟကော၊ သောပါဂါ သမိတိ ံ ဝနံ။
၁၅။ ပုရိမဉ္စ ဒိသံ ရာဇာ၊ ဓတရဋ္ဌော ပသာသတိ။
ဂန္ဓဗ္ဗာနံ အဓိပတိ၊ မဟာရာဇာ ယသာဿိသော။
၁၆။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၁၇။ ဒက္ခိဏဉ္စ ဒိသံ ရာဇာ၊ ဝိရူဠှော တံ ပသာသတိ။
ကုမ ္ဘဏ္ဍာနံ အဓိပတိ၊ မဟာရာဇာ ပသဿိသော။
၁၈။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၁၉။ ပစိ ္ဆမဉ္စ ဒိသံ ရာဇာ၊ ဝိရူပက္ခော ပသာသတိ။
နဂါနဉ္စ အဓိပတိ၊ မဟာရာဇာ ယသဿိသော။
၂၀။ ပုတ္တာပိ တဿ ဟေဝေါ၊ ဣန္ဒနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၂၁။ ဥတ္တရဉ္စ ဒိသံ ရာဇာ၊ ကုဝေရော တံ ပသာသတိ။
ယက္ခာနဉ္စ အဓိပတိ၊ မဟာရာဇာ ယသဿိသော။
၂၂။ ပုတ္တာပိ တဿ ဗဟဝေါ၊ ဣန္နနာမာ မဟဗ္ဗလာ။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၂၃။ ပုရိမံ ဒိသံ ဓတရဠှော၊ ဒက္ခိဏေန ဝိရူဠှကော။
ပစိ ္ဆမေန ဝိရူပက္ခော၊ ကုဝေရော ဥတ္တရံ ဒိသံ။
၂၄။ စတ္တာရော တေ မဟာရာဇာ၊ သမန ္တာ စတုရော ဒိသာ။
ဒဒ္ဒလ္လမာနာ အဋ္ဌံသု၊ ဝနေ ကပိလဝတ္ထဝေ။
၂၅။ တေသံ မာယာနိနော ဒါသာ၊ အာဂုံ ဝဉ္စနိကာ သဌာ။
မာယာ ကုဋေဏ္ဍု ဝိဋေဏ္ဍု၊ ဝိဋုစ္စ ဝိဋုဋော သဟ၊
စန္ဒနော ကာမသေဋ္ဌော စ၊ ကိန္နိဃဏ္ဍု နိဃဏ္ဍု စ။
၂၆။ ပနာဒေါ သြပမညော စ၊ ဒေဝသူတော စ မာတလိ။
စိတ္တသေနော ဟ ဂန္ဓဗ္ဗော၊ နာဠှောရာဇာ ဇနေသဘော။
အာဂါ ပဉ္စသိခေါ စေဝ၊ တိမ္ဗရူ သူရိယ ဝစ ္ဆသာ။
၂၇။ ဧတေ စညေ စ ရဇာနော၊ ဂန္ဓဗ္ဗာ သဟ ရာဇူဘိ။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။

နဂါးဂဠုန်တို့ အမည်ကို ဟောခြင်း
၂၈။ အထာဂုံ နာဂသာ နာဂါ၊ ဝေသာလာ သဟတစ ္ဆကာ။
ကမ္ပလဿတရာ အာဂုံ၊ ပါယာဂါ သဟ ဉာတိဘိ။
၂၉။ ယာမုနာ ဓတရဋ္ဌာ စ၊ အဂူ နာဂါ ယသဿိနော။
ဧရာဝဏော မဟာနာဂေါ၊ သောပါဂါ သမိတိ ံ ဝနံ။
၃၀။ ယေ နာဂရာဇေ သဟသာ ဟရနိ ္တ၊
ဒိဗ္ဗာ ဒိဇာ ပက္ခီ ဝိသုဒ္ဓစက္ခူ။
ဝေဟာယသာ တေ ဝနမဇ္ဈပတ္တာ၊
စိတြာ သုဝဏ္ဏ ဣတိ တေသ နာမံ။
၃၁။ အဘယံ တဒါ နာဂရာဇာန’ မာသိ၊
သုပဏ္ဏတော ခေမ’မကာသိ ဗုဒ္ဓေါ။
သဏှာဟိ ဝါစာဟိ ဥပဝှယန ္တာ၊
နာဂါ သုပဏ္ဏာ သရဏ’မကံသု ဗုဒ္ဓံ။

အသူရာနှင့် မာရ်နတ်
၃၂။ ဇိတာ ဝဇိရဟတ္ထေန၊ သမုဒ္ဒံ အသုရာသိတာ၊
ဘာတရော ဝါသဝဿေတေ၊ ဣဒ္ဓိမနေ ္တာ ယသဿိနော။
၃၃။ ကာလကဉ္စာ မဟာဘိသ္မာ၊ အသုရာ ဒါနဝေဃသာ။
ဝေပစိတ္တိ သုစိတ္တိ စ၊ မဟာရာဒေါ နမုစီ သဟ။
၃၄။ သတဉ္စ ဗလိပုတ္တာနံ၊ သဗ္ဗေ ဝေရောစ နာမကာ။
သန္နယှိတွာ ဗလိသေနံ၊ ရာဟုဘဒ္ဒ’မုပါဂမုံ။
သမယော ဒါနိ ဘဒ္ဒနေ ္တ၊ ဘိက္ခူနံ သမိတိ ံ။
၃၅။ အာပေါ စ ဒေဝါ ပထဝီ၊
တေဇော ဝါယော တဒါဂမုံ။
ဝရုဏာ ဝါရဏာ ဒေဝါ၊
သောမော စ ယသသာ သဟ။
မေတ္တာ ကရုဏာ ကာယိကာ၊
အာဂုံ ဒေဝါ ယသဿိနော။
၃၆။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၃၇။ ဝေဏ္ဍုဒေဝါ သဟလိ စ၊ အသမာ စ ဒုေ၀ ယမာ။
စန္ဒယဿူပနိသာ ဒေဝါ၊ စန္ဒမာဂုံ ပုရက္ခတွာ။
၃၈။ သူရိယဿူပနိသာ ဒေဝါ၊ သူရိယမာဂုံ ပုရက္ခတွာ။
နက္ခတ္တာနိ ပုရက္ခတွာ၊ အာဂုံ မန္ဒသလာဟကာ။
ဝသူနံ ဝါသဝေါ သေဋ္ဌော၊ သက္ကောပါဂါ ပုရိန္ဒဒေါ။
၃၉။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၄၀။ အထာဂုံ သဟဘူ ဒေဝါ၊ ဇလမဂ္ဂိ သိခါရိဝ။
အရိဋ္ဌကာ စ ရောဇာ စ၊ ဥမာပုပ္ပ နိဘာသိနော။
၄၁။ ဝရုဏာ သဟဓမ္မာ ဟ၊ အစ္စုတာ စ အနေဇကာ။
သူလေယျရုစိရာ အာဂုံ၊ အာဂုံ ဝါသဝနေသိနော။
၄၂။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တ၀ ဏ္ဏိနော။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၄၃။ သမာနာ မဟာသမာနာ၊ မနုသာ မာနုသုတ္တမာ။
ခိုဍ္ဍဒါသိကာ အာဂုံ၊ အာဂုံ မနောပဒေါသိကာ။
၄၄။ အာထာဂုံ ဟရယော ဒေဝါ၊
ယေ စ လောဟိတဝါသိနော။
ပါရဂါ မဟာပါရဂါ။
အာဂုံ ဒေဝါ ယသဿိနော။
၄၅။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၄၆။ သုက္ကာ ကရမ ္ဘာ အရုဏာ၊ အာဂုံ ဝေဃနသာ သဟ။
သြဒါတဂယှာ ပါမောက္ခာ၊ အာဂုံဒေဝါ ဝိစက္ခဏာ။
၄၇။ သဒါမတ္တာ ဟာရဂဇာ၊ မိဿကာ စာ ယသဿိနော။
ထနယံ အာဂ ပဗ္ဗုန္နော၊ ယော ဒိသာ အဘိဝဿတိ။
၄၈။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေနာတ္တ ဝဏ္ဏိနော။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၄၉။ ခေမိယာ တုသိတာ ယာမာ၊ ကဋ္ဌကာ စ ယသဿိနော။
လမ္ဗီတကာ လာမသေဋ္ဌာ၊ ဇောတိနာမာ စ အာသဝါ။
နိမ္မာနရတိနော အာဂုံ၊ အထာဂုံ ပရနိမ္မိတာ။
၅၀။ ဒသေတေ ဒသဓာ ကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
ဣဒ္ဓိမနေ ္တာ ဇုတိမနေ ္တာ၊ ဝဏ္ဏဝနေ ္တာ ယသဿိနော။
မောဒမာနာ အဘိက္ကာမုံ၊ ဘိက္ခူနံ သမိတိ ံ ဝနံ။
၅၁။ သဋ္ဌေတေ ဒေဝနိကာယာ၊ သဗ္ဗေ နာနတ္တဝဏ္ဏိနော။
နာမနွယေန အာဂစ ္ဆုံ၊ ယေ စညေ သဒိသာ သဟ။
၅၂။ ပဝုဋ္ဌဇာတိ’ မခိလံ၊ သြဃတိဏ္ဏ’ မနာသဝံ။
ဒက္ခေ မောဃတရံ နာဂံ၊ စန္ဒံ၀ အသိတာတိဂံ။
ဗြဟ္မာများ
၅၃။ သုဗြဟ္မာ ပရမတ္တော စ၊ ပုတ္တာ ဣဒ္ဓိမတော သဟ။
သနင်္ကုမာရော တိဿော စ၊ သောပါဂ သမိတိ ံ ဝနံ။
၅၄။ သဟဿံ ဗြဟ္မလောကာနံ၊
မဟာဗြဟ္မာဘိတိဋ္ဌတိ။
ဥပပန္နော ဇုတိမနေ ္တာ၊
ဘိသ္မာကာယော ယဿဿိယော။
၅၅။ ဒသေတ္ထ ဣဿရာ အာဂုံ၊ ပစ္စေကဝသ၀တ္တိနော။
တေသဉ္စ မဇ္ဈတော အာဂ၊ ဟာရိတော ပရိဝါရိတော။

မာရ်နတ် နှောင့်ယှက်ပုံ
၅၆။ တေ စ သဗ္ဗေ အဘိက္ကနေ ္တ၊ သဣန္ဒေ ဒေေ၀ သဗြဟ္မကေ။
မာရသေနာ အဘိက္ကာမိ၊ ပဿ တဏှဿ မန္ဒိယံ။
၅၇။ ဧထ ဂဏှထ ဗန္ဓထ၊ ရာဂေန ဗဒ္ဓ’ မတ္ထု ဝေါ။
သမန ္တာ ပရိဝါရေထ၊ မာဝေါ မုဉ္စိတ္ထ ကောစိနံ။
၅၈။ ဣတိ တတ္ထ မဟာသေနော၊ ကဏှော သေနံ အပေသယိ။
ပါဏိနာ တလ’ မာဟစ္စ၊ သရံ ကတွာန ဘေရဝံ။
၅၉။ ယထာ ပါဝုဿကော မေဃော၊
ထနယနေ ္တာ သဝိဇ္ဇုကော။
တဒါ သော ပစ္စုဒါဝတ္တိ၊
သင်္ကုဒ္ဓေါ အသယံဝသေ။
၆၀။ တဉ္စ သဗ္ဗံ အဘိညာယ၊
၀ ဝတ္ထိတွာန စက္ခုမာ။
တတော် အာမန ္ထယီ သတ္ထာ၊
သာဝကေ သာသနေ ရတေ။
မာရသေနာ အဘိက္ကန ္တာ၊
တေ ဝိဇာနာထ ဘိက္ခဝေါ။
၆၁။ တေ စ အာတပ္ပ’ မကရုံ၊ သုတွာ ဗုဒ္ဓဿ သာသနံ။
ဝီတရာဂေဟိ ပက္ကာမုံ၊ နေသံ လောမာပိ ဣဉ္ဇယုံ။
၆၂။ သဗ္ဗေ ဝိဇိတသင်္ဂါမာ၊
ဘယဘီတာ ယသဿိနော။
မောဒနိ ္တသဟ ဘူတေဟိ၊
သာဝကာ တေ ဇနေသုတာတိ။
မဟာသမယသုတ္တံ နိဋ္ဌိတံ။

Posted in Giving Knowledge | Leave a Comment »

” မဟာသမယသုတ်တော်ဖြစ်စဉ် “

Posted by blissfulparty on June 4, 2012

ကပိလဝတ်ပြည်နှင့် ကောလိယပြည် နှစ်ပြည်ထောင်အကြားတွင် ဧရာဟဏီ မြစ်ကြီးတစ်ခုက နယ်ခြားအဖြစ် စီးဆင်းကာရံလျက်ရှိလေသည်။ ထိုမြစ်မှ ရေကိုယူ၍ ကမ်းနဖူးရှိ လယ်သမားများက ကောက်ပင်စိုက်ပျိုးရာတွင် သွယ်ယူ၍ သုံးစွဲကြလေသည်။
ကပိလဝတ် ကမ်းဘက်မှ ရေကို ကပိလဝတ်ပြည်သား လယ်သမားများက သုံးစွဲ၍ ကောလိယ ကမ်းဘက်မှ ရေကို ကောလိယပြည်သား လယ်သမားများက ယူ၍ မိမိတို့ လယ်ယာများ အတွင်းသို့ စီးဆင်းအောင် သွယ်ယူကာ အသုံးပြုကြလေသည်။
တစ်နှစ်တွင် မိုးနည်းပါး၍ ရေပူရှိန်အား ပြင်းထန်လျက် ဧရာဟဏီ မြစ်အတွင်း ရေစီးခြင်း အားနည်း၍ လယ်သမားများအဖို့ အခက်အခဲနှင့်ကြုံစရာ ဖြစ်ပေါ်လာလေသည်။
ဤတွင် ကပိလဝတ်ပြည်သားများ၊ လယ်သမားများက “ဤရေသည် နှစ်ဦးနှစ်ဖက် သုံးစွဲရန် မလောက်ငသဖြင့် ငါတို့ဘက်ကသာ ရေကုန်ယူ၍ သုံးမည်” ဟု ကောလိယပြည်သား လယ်သမားများကို ပြော၏။
ကောလိယပြည်သား လယ်သမားများကလည်း “နှစ်ဖက်စလုံး၊ မသုံးလောက်ဆိုငြား သင်တို့စကား မှန်ပေ၏။ သို့အတွက် သင်တို့ မသုံးကြပါနှင့်၊ ငါတို့ ကောလိယပြည်သား လယ်သမားများသာ သုံးကြမည်၊ ဖယ်ကြလော့” ဟု ဆို၏။ ဤတွင် နှစ်ဦးနှစ်ဖက် မပြေမလည်ဖြစ်ကာ လယ်သမားအချင်းချင်း ခိုက်ရန်ဒေါသ ဖြစ်ပွားကြကာ ရိုက်နှက် သတ်ပုတ် ကြလေတော့သည်။
လယ်သမားချင်း ဖြစ်သော ရန်ပွဲမှသည် လယပိုင်ရှင်ချင်း ရိုက်ကြနှက်ကြသည်အထိ ဖြစ်ရာမှ နှစ်ဖက် ရွာစားချင်းပါ ရန်မီးပွားလာပြီး၊ မြို့စားချင်း ရိုက်နှက်သတ်ပုတ်ကြသည်ထိ ဖြစ်ကာ ပြည်ထောင်ချင်း မင်းတို့ပါ တစ်ဆင့်တက်၍ ပါလာကြပြီး ဧရာဟဏီမြစ်ကို အလယ်က ထား၍ တစ်ဖက်ကို မင်းသား ၂၅၀-စီ ဓား၊ လှံ၊ လက်နက်စွဲလျက် တိုက်ပွဲဝင်ကြရန် ရက်ချိန်းကြေညာလိုက်သည်ထိ ကြီးကျယ် သွားလေတော့သည်။ ထိုနေ့ကား နယုန်လပြည့်နေ့ ဖြစ်၏။
ထိုဖြစ်အင်ကို သိမြင်တော်မူသော ဘုရားရှင်သည် တစ်ဖက် ၂၅၀-စီ နှစ်ဖက်ပေါင်းတုံ ငါးရာကုန်သော သာကီဝင် မင်းသားတို့၏ အသက်ဆုံးရူံးမူကိုလည်းကောင်း၊ နှစ်ပြည်ထောင်မင်းချင်း စစ်ပြိုင်ခင်းသဖြင့် ငြိုးသူရန်ဘက် ဆက်လက်ဖြစ်ပွား သွားမည့်ဘေးကို လည်းကောင်း တားဆီး ကယ်တင်တော်မူရန် နှစ်ဖက်အပြိုင် အနိုင်လုယက် စစ်ထွက်ရန်ဆိုင်မိသော အချိန်တွင် ရောဟဏီမြစ်ဒအလယ် အဇဋာဝေဟင် ထက်ကောင်းကင်တွင် ဈာန်ယာဉ် သမာပတ် ဝင်စားလျက် တန့်နားကိုယ်ထင် ပြတော်မူလေသည်။
မြတ်ဗုဒ္ဓသခင် ကောင်းကင်ပြင်တွင် ဈာန်ယာဉ်စီးကာ ကြွချီလာသည်ကို မြင်သဖြင့် နှစ်ဖက်သော သာကီဝင်မင်းများသည် လက်နက်များ မြေမှာချ၍ ဘုရားရှင်ကို ဖူးမြင် ဦးခိုက်ကြလေသည်။ ထိုအခါ ဘုရားရှင်က ရေထက် မြေက၊ မြေထက် လူက၊ လူထက် အကျင့်သီလက မြင့်မြတ်ကြောင်းကို ဟောကြားတော်မူလေသည်။
ဘုရားရှင်၏ တရားကို နာကြားရသော ကမ်းနှစ်ဖက်မှ ဘုရား၏ ဆွေတော် မျိုးတော်များမှာ အမျက်ပြေငြိမ်း၍ ဘုရားသခင်၏ ကျေးဇူးတော်ကိုဆပ်ရန် တစ်ဖက်လျှင် ၂၅၀-စီသော သာကီဝင် မင်းတို့အား ပေးအပ်လှူဒါန်းရာ မြတ်စွာဘုရားသခင်သည် မင်းသား ၅၀၀-ကို ရဟန်းပြုလျက် မဟာဝုန်တောသို့ ခေါ်ဆောင်လာခဲ့သည်။
ရဟန်းဖြစ်စ တရားမရမီ အချိန်တွင် ပျင်းရိနေကြသည်ကို သိသော ဘုရားသခင်သည် ရဟန်း ငါးရာတို့အား ဟိမဝန္တာတောရှိ(ကုဏာလ)အိုင်သို့ ဘုရားတန်ခိုးတော် ဈာန်ဖြင့် ခေါ်သွားကာ ကမဋ္ဌာန်း အားထုတ်စေရာ ရဟန္တာဖြစ်ကြပြီး၊ မိမိတို့၏ ကိုယ်ပိုင် တန်ခိုးဈာန်ဖြင့် မဟာဝုန်တောသို့ ပြန်လည် ရောက်ရှိလာကြတော့သည်။
ထိုရဟန်းငါးရာနှင့် တကွ ဘုရား၏ အသရေတော်ကို ဖူးမြော်ရန် ရောက်လာကြသော စကြဝဠာ အတွင်းရှိ နတ်ဗြဟ္မာအပေါင်းတို့အား တစ်ဦးစီ၏ နာမည်များကို မြတ်ဗုဒ္ဓဘုရားက ခေါ်ဝေါ်နူတ်ဆက်ကာ မဟာသမယသုတ်တော်ကို ဟောတော်မူလေသည်။
မဟာသမယသုတ်တော်ကို ဟော်တော်မူသောနေ့သည်ကား နယုန်လပြည့်နေ့ ဖြစ်သတည်း။ ထိုသို့ နတ်၊ ဗြဟ္မအပေါင်းတို့အား တစ်ဦးစီ နာမည်များကို ခေါ်ဝေါ်နူတ်ဆက်ပြီး ရောက်ရှိသော နတ်၊ ဗြဟ္မာ များသည် စရိုက်တစ်ပါးလျှင် တစ်သုတ်စီ ခွဲခြားဟောရသော် အားလုံးကျွတ်တမ်းဝင် မည်ကို မြင်တော်မူလေသည်။
ထိုသို့ မြင်တော်မူပြီး စရိုက် အားကြီးသူတို့ နားလည်လွယ်ရန် အမေးအဖြေပြု၍ ဟောမှ သင့်မည်ဟု ယူဆ၍ နိမ္မိတဘုရားတစ်ဆို ကိုယ်တော်နှင့် တူစွာဖန်ဆင်းတော်မူ၍ နှစ်ဆူသောဘုရားရှင်တို့သည်

  • ရာဂစရိုက် အားကြီးသူတို့အတွက် (သမ္မာပရိဗ္ဗာဇနိယသုတ်)၊
  • ဒေါသစရိုက်အားကြီးသူတို့အတွက် (ကလဟဝိဝါဒသုတ်)၊
  • မောဟစရိုက်အားကြီးသူတို့ အတွက် (မဟာဗျူဟသုတ်)၊
  • သဒ္ဒါစရိုက် အားကြီးသူတို့အတွက် (တုဝဋကသုတ်)၊
  • ဝိတက်စရိုက် အားကြီးသူတို့အတွက် (စူဠဗျူဟသုတ်)၊
  • ပညာစရိုက် အားကြီးသူတို့အတွက် (ပုရာဘေဒသုတ်)

တို့ကို အပြန်အလှန် အမေးအဖြေပြု၍ ဟောတော်မူလေသည်။ ထိုအချိန်မှစ၍ မဟာသမယသုတ်တော် ဖြစ်ပေါ် ရွတ်ဆို ပွားများလာကြသည်။
တရားတော်မြတ်အဆုံးမှာတော့ နတ်၊ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ အရဟတ္တဖိုလ် သို့ရောက်ရှိကြ ပါတယ်။ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် ရောက်ကြသောနတ်ဗြဟ္မာ တို့ကား များပြားလွန်း၍ ရေတွက် လို့တောင်မရနိုင်ပါ။

နယုန်လပြည့်နေ့ ရဲ့ထူးမြတ်တဲ့ဂုဏ်အင်တွေကို တွက်စစ်ရင် —။
၁။ ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့ ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေခြင်း။
၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီးငြိမ်းချမ်းရေးရ တဲ့နေ့ဖြစ်ခြင်း။
၃။ရဟန်း-၅၀၀-လုံး ရဟန္တာဖြစ်တော်မူ တဲ့နေ့ဖြစ် ခြင်း။
၄။နတ်၊ဗြဟ္မာ၊အသူရာ၊ဂဠုန်၊နဂါးများ ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။
၅။မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော ဂဋ္ဌုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက် ဝင်သောနေ့ဖြစ်ခြင်း။
၆။မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

Posted in Knowledge for Dhamma | Leave a Comment »