Blissful Party

Archive for the ‘Dhamma’ Category

The session can view the pages related to Dhamma.

မဟာသမယသုတ် (နတ်အစည်းအဝေး) အနက်

Posted by blissfulparty on June 4, 2012

မဟာသမယသုတ် (နတ်အစည်းအဝေး) အနက်

၁။ အကျွနုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် –

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံး နေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီ ရှိ သော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့ သည်လည်း မြတ်စွာဘုရားကို လည်းကောင်း ရဟန်း သံဃာ ကို လည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကုန်၏။

ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေသော ဗြဟ္မာလေးဦးတို့အား ဤသို့သော အကြံသည် ဖြစ်၏-
”ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်း ဖြစ်သော ရဟန်း သံဃာများစွာနှင့်အတူ သီတင်းသုံးနေတော်မူ၏၊ (စကြာဝဠာ တစ်ထောင်စီရှိသော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်တို့သည် လည်း မြတ်စွာဘုရားကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက် ကုန်၏။ ငါတို့သည်လည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ အထံတော်၌ အသီးသီး ဂါထာ တစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ” ဟု (အကြံဖြစ်၏)။

၂။ ထိုအခါ ထိုဗြဟ္မာ (လေးဦး) တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောကျ်ားသည် ကွေးသောလက် ကို ဆန့်သကဲ့သို့ လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်းဤအတူ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာကုန်၏။

ထို့နောက် ထိုဗြဟ္မာ တို့သည် မြတ်စွာဘုရားကို ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ရပ်ပြီးလျှင် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

”(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာကြသဖြင့် အစည်းအဝေး ကြီးဖြစ်လျက် ရှိနေပါ၏၊ အကျွနု်ပ်တို့ သည် (ကိလေသာရန်သူတို့) မအောင်နိုင်သော သံဃာတော် ကို ဖူးမြော်ခြင်းငှါ ဤတရားသဘင် အစည်းအဝေးသို့ လာရောက် ပါကုန်၏” ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

”(အသျှင်ဘုရား) ထို (အစည်းအဝေး) ၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေလျှက် ဖြောင့်မတ်စွာ ပြုထားပါကုန်၏၊ ရထားထိန်း သည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့ ပညာရှိ (ရဟန်း) တို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူ ကြပါကုန်၏” ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

”(အသျှင်ဘုရား) မြတ်စွာဘုရား ကောင်းစွာ ဆုံးမထားပြီးဖြစ်၍ တဏှာကင်းလျက် သန့်ရှင်း စင်ကြယ်သော ထိုရဟန္တာငယ် တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်တံသင်းနှင့်တံခါး ကျည်မင်းတုပ်ကို ဖြတ်ပြီး လျှင် (ရာဂ ဒေါသ မောဟတည်း ဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည် သွားလာ နေကြကုန် ၏” ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ အထံတော်၌ ဤဂါထာကို ရွတ်ဆို၏-

”(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့သည် အပါယ် ဘုံသို့ မရောက်ကြ ပါကုန် လတ္တံ့၊ လူ့ခန္ဓာကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကြပါကုန် လတ္တံ့” ဟု (ရွတ်ဆို၏)။

၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-

”ရဟန်းတို့ (စကြာဝဠာတစ်ထောင်စီရှိသော) လောကဓာတ်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရား ကို လည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကြ ကုန်၏။ ရဟန်းတို့ အတိတ်ကာလ၌ ပွင့်တော်မူကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခု ငါ၏ လက်ထက်၌ ကဲ့သို့ ဤမျှအတိုင်း အရှည်ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးခဲ့ကြကုန်ပြီ။

ရဟန်းတို့ အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူ ထိုက်ကုန်သော မြတ်စွာဘုရားတို့၏ လက်ထက်တော်၌လည်း ယခုငါ၏ လက်ထက်၌ကဲ့သို့ ဤမျှ အတိုင်းအရှည် ရှိသော နတ်ဗြဟ္မာတို့သည် စည်းဝေးကြကုန်လတ္တံ့။

ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ပြောကြားပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာ အပေါင်းတို့၏ အမည်တို့ကို ကြေငြာပေအံ့၊ ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့၏ အမည်တို့ကို ဟောကြား ပေအံ့၊ ထိုစကားကို နာကြားကြလော့၊ ကောင်းစွာ နှလုံးသွင်းကြလော့၊ ဟောပြပေအံ့”ဟု (မိန့်တော်မူ၏)။

”ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။

၄။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

(ရဟန်းတို့) ဂါထာဖွဲ့၍ ဟောကြားပေအံ့၊ အကြင်ရဟန်းတို့သည် ဘုမ္မစိုးနတ်တို့ မှီဝဲနေထိုင်ရာ ဖြစ်သော ထိုထိုအရပ်ကို မှီ၍ နေကုန်၏၊ တောင်ခေါင်းကို မှီ၍ နေ ကုန်၏၊ ထိုရဟန်းတို့သည်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်၏၊ တည် ကြည်သော စိတ်ရှိကုန်၏၊ ထိုများစွာသော ရဟန်းတို့သည် ကြက်သီးမွေးညင်းမျှ ထခြင်း မရှိမူ၍ ခြင်္သေ့မင်းကဲ့သို့ တစ်းပါးတည်း ကိန်းအောင်းလေ့ရှိ ကုန်၏၊ ဖြူစင်သော စိတ်ရှိ၍ နောက်ကျု ကင်းလျက် သန့်ရှင်း ကြည်လင်ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည် မဟာဝုန်တော၌ တပည့်သာဝက ငါးရာကျော်တို့သာသနာတော်ဝယ် မွေ့လျော် နေကြသည်ကို သိတော်မူ၍၊ ရဟန်း တို့ နတ်ဗြဟ္မာအပေါင်းတို့ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာ အပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့ဟုမိန့်တော်မူ၏၊ ထိုရဟန်းတို့ သည်လည်း မြတ်စွာဘုရား၏ အဆုံးအမကို ကြားနာရ၍ (သိခြင်းငှါ) အားထုတ် ကုန်၏။ ထိုရဟန်းတို့အား နတ်ဗြဟ္မာတို့ကို မြင်စွမ်းနိုင်သော ဒိဗ္ဗစက္ခုဉာဏ်သည် ထင်ရှား ဖြစ်ပေါ်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာတစ်ရာကို မြင်ကုန်၏၊ အချို့ သော ရဟန်းတို့သည်တစ်ထောင်ကို အချို့သော ရဟန်းတို့သည် ခုနစ်သောင်းကို အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ တစ်သိန်းကို မြင်ကုန်၏၊ အချို့သော ရဟန်းတို့သည် နတ်ဗြဟ္မာ အနန္တကို မြင်ကုန်၏၊ အရပ်မျက်နှာ အားလုံးတို့သည် နတ်ဗြဟ္မာတို့ဖြင့် ပြည့်နှက်လျက် ရှိကုန်၏။ ထိုအခါ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ထို (ရဟန်းတို့၏ အသီးသီးမြင်ပုံ) အလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိ၍ ပိုင်းခြားမှတ်သားတော်မူပြီး လျှင် သာသနာတော်၌ မွေ့လျော်ကုန်သော တပည့်သာဝကာတို့အား မိန့်တော် မူ၏-

ရဟန်းတို့ နတ်ဗြဟ္မာအပေါင်းတို့သည် ရှေးရှုလာရောက်လျက် ရှိကုန်၏၊ ထို (နတ်ဗြဟ္မာအပေါင်း) တို့ကို (ဒိဗ္ဗစက္ခုဉာဏ်ဖြင့်) သိကုန်လော့၊ ယင်းနတ်ဗြဟ္မာတို့ ကို သင်တို့အားဂါထာဖြင့် အစဉ်အတိုင်း ငါ ပြောကြား ပေအံ့။

၅။ (ရဟန်းတို့) မြေ၌ တည်ကုန်သော ကပိလဝတ်ပြည်ကို မှီ၍ နေကုန်သော တန်ခိုးအာနုဘော် ကြီးကုန် သော အဆင်းလှကုန်သော အခြံအရံများကုန်သော ထိုခုနစ် ထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်း မြောက်ဝမ်းသာ လာရောက်ကုန်၏။ ဟိမဝန္တာတောင် ၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင်ရှိကုန်သော တန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှ ကုန်သော အခြံအရံများကုန်သော ခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ သာတာဂိရိတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သောတန်ခိုးအာနုဘော်ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော သုံးထောင်သောနတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံ များကုန်သော ဤတစ်သောင်းခြောက်ထောင်သော နတ်တို့သည် မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။ ဝေဿာမိတ္တတောင်၌ နေကုန်သော အမျိုးမျိုးသော အသွေးအရောင် ရှိကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ငါးရာ သော နတ်တို့သည်မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်ကုန်၏။ ရာဇဂြိုဟ်ပြည် ဝေပုလ္လတောင်၌ နေသော ကုမ္ဘီရနတ် (စစ်သူကြီး) ကို အသိန်း မကသော နတ်တို့သည်ခြံရံခစားကုန်၏၊ ရာဇဂြိုဟ်ပြည်၌ နေ သော ထိုကုမ္ဘီရနတ် (စစ်သူကြီး) သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက် ဝမ်းသာ လာရောက်၏။

၆။ အရှေ့အရပ်ကို အုပ်စိုးသော ဂန္ဓဗ္ဗနတ်တို့၏အရှင် ဓတရဋ္ဌနတ်မင်းကြီး သည် များသော အခြံအရံ ရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန် သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်းအ ဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။

တောင်အရပ်ကို အုပ်စိုးသော ကုမ္ဘဏ်တို့၏အရှင် ဝိရူဠှက နတ်မင်းကြီးသည် များ သော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒအမည်ရှိသော သားတော်တို့သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။

အနောက်အရပ်ကို အုပ်စိုးသော နဂါးတို့၏အရှင် ဝိရူပက္ခ နတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထိုနတ်မင်းကြီး၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီး ကုန်သော တန်ခိုး အာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့ သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။

မြောက်အရပ်ကို အုပ်စိုးသော နတ်ဘီလူးတို့၏ အရှင်ကုဝေရနတ်မင်းကြီးသည် များသော အခြံအရံရှိ၏။ ထို (နတ်မင်းကြီး) ၏ သားတော်တို့သည် များလှကုန်၏၊ ခွန်အားကြီးကုန်သော တန်ခိုးအာနုဘော် ကြီးကုန်သော အဆင်းလှကုန်သော အခြံအရံများကုန်သော ဣန္ဒ အမည်ရှိသော သားတော်တို့ သည်လည်း မဟာဝုန်တော ရဟန်းတို့၏ အစည်း အဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက် ကုန်၏။

အရှေ့အရပ်၌ ဓတရဋ္ဌနတ်မင်းကြီး၊ တောင်အရပ်၌ ဝိရူဠှကနတ်မင်းကြီး၊ အနောက်အရပ်၌ဝိရူ ပက္ခနတ်မင်းကြီး၊ မြောက်အရပ်၌ ကုဝေရနတ်မင်းကြီး။ ထိုနတ်မင်းကြီး လေးယောက် တို့သည် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့၌ အလွန်တောက်ပ ကုန်လျက် ကပိလဝတ်ပြည် မဟာဝုန်တော၌ တည်ရှိကုန်၏။

၇။ ထို (နတ်မင်းကြီး) တို့၏ ကျွန်ယုံတော်ဖြစ်ကုန်သော ပရိယာယ်မာယာများ ကုန်သော လှည့်စား တတ်ကုန် သော ကောက်ကျစ်စဉ်းလဲ တတ်ကုန်သော မာယာနတ် ကုဋေဏ္ဍုနတ် ဝိဋေဏ္ဍုနတ် ဝိဋုစ္စနတ် ဝိဋုဋနတ်နှင့် တကွ –

စန္ဒနနတ် ကာမသေဋ္ဌနတ် ကိန္နိဃဏ္ဍုနတ် နိဃဏ္ဍုနတ်တို့သည် လာရောက် ကုန်၏၊ ပနာဒနတ် သြပမညနတ် ရထားထိန်းမာတလိနတ် စိတ္တမည်သောဂန္ဓဗ္ဗနတ် သေနမည်သောဂန္ဓဗ္ဗနတ် စိတ္တသေနမည်သောဂန္ဓဗ္ဗနတ် နဠရာဇာနတ် ဇနဝသဘနတ် ပဉ္စသိခနတ် တိမ္ဗရုနတ်သူရိယ ဝစ္ဆသာနတ်သမီး။ ဤ (ဆိုခဲ့ပြီးသော ဂန္ဓဗ္ဗနတ်) တို့သည် လည်းကောင်း တစ်ပါးသော နတ်တို့သည် လည်းကောင်း နတ်မင်းကြီးတို့နှင့် အတူ မဟာဝုန်တော ရဟန်းတို့၏ အစည်းအဝေးသို့ ဝမ်းမြောက်ဝမ်းသာ လာရောက်ကုန်၏။

၈။ ထိုမှတစ်ပါး နာဂသအိုင်၌နေသော နဂါးတို့နှင့် ဝေသာလီ၌ နေသော နဂါး တို့သည် နဂါးပရိသတ်နှင့် အတူ လာရောက်ကုန်၏၊ ကမ္ပလမည်သောနဂါး အဿတရမည်သော နဂါးနှင့် ပယာဂဆိပ်၌ နေသော နဂါးတို့သည် ဆွေမျိုးတို့နှင့် အတူ လာရောက်ကုန်၏။ အခြံအရံများကုန်သော ယမုနာမြစ်၌ နေသော နဂါးတို့နှင့် ဓတရဋ္ဌအမျိုး၌ဖြစ်သော နဂါးတို့သည် လာရောက်ကုန်၏၊ ဧရာဝဏ် ဆင်ပြောင်ကြီးမည်သော ထိုနတ်သား သည်လည်း မဟာဝုန်တောရဟန်းတို့၏ အစည်းအဝေးသို့ လာရောက် ကုန်၏။ အကြင်ဂဠုန်တို့သည် (ဆိုခဲ့ပြီးသော) နဂါးမင်းတို့ကို အနိုင်အထက်ပြု၍ ဖမ်းယူ နိုင်ကုန်၏၊ နတ်ကဲ့သို့အာနုဘော်ရှိကုန်၏၊ (အမိဝမ်းနှင့် ဥခွံတွင်းမှ) နှစ်ကြိမ် မွေးဖွားရကုန်၏၊ အတောင်ရှိကုန်၏၊ စင်ကြယ်သော မျက်စိအမြင် ရှိကုန်၏၊ စိတြသုပဏ္ဏ အမည်ရှိကုန်၏ ထိုဂဠုန်တို့သည်ကောင်းကင် ခရီးဖြင့် တောအုပ် အလယ်သို့ ရောက်လာကုန်၏။ ထိုအခါ မြတ်စွာဘုရားသည်ဂဠုန်ဘေးမှ ငြိမ်းအောင် ပြုတော်မူသဖြင့် နဂါးတို့ အားဘေးကင်းလေ၏၊ နဂါးနှင့် ဂဠုန်တို့သည်သိမ်မွေ့သော စကားတို့ဖြင့် ခေါ်ဝေါ်ပြောဆိုလျက် မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်ကြ ကုန်၏။

၉။ ဝရဇိန်လက်နက်ရှိသော သိကြားမင်းကို စစ်ရှုံးသဖြင့် သမုဒ္ဒရာကို မှီ၍ နေရကုန်သောအသူရာ တို့သည် သိကြားမင်း၏ ညီနောင်တို့ပင် ဖြစ်ကုန်၏။

(by Sein Lan Myay မှ ကူးယူဖော်ပြပါသည်)

မဟာသမယသုတ်တော် ရွတ်ဆိုရခြင်း၏ အကျိုးကျေးဇူး
———————————————————–
မဟာသမယသုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ရသော အကျိုးဖြင့်သာသနာတော်စောင့် နတ်များ ချစ်ခင်ခြင်း၊ ဘေးဆိုး ရန်ဆိုးများ ပြေပျောက်ခြင်း၊ ဒေါသတရား နည်းပါးလာခြင်း၊ မောဟ စိတ်များ မဖုံးလွှမ်းနိုင်ခြင်းနှင့် လောကီကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကာ လောကုတ္တာရာ ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သော သတ္တိထုူးများကို ရရှိစေတတ်ပါသည်။ “

Posted in Knowledge for Dhamma | Leave a Comment »

” မဟာသမယသုတ်တော်ဖြစ်စဉ် “

Posted by blissfulparty on June 4, 2012

ကပိလဝတ်ပြည်နှင့် ကောလိယပြည် နှစ်ပြည်ထောင်အကြားတွင် ဧရာဟဏီ မြစ်ကြီးတစ်ခုက နယ်ခြားအဖြစ် စီးဆင်းကာရံလျက်ရှိလေသည်။ ထိုမြစ်မှ ရေကိုယူ၍ ကမ်းနဖူးရှိ လယ်သမားများက ကောက်ပင်စိုက်ပျိုးရာတွင် သွယ်ယူ၍ သုံးစွဲကြလေသည်။
ကပိလဝတ် ကမ်းဘက်မှ ရေကို ကပိလဝတ်ပြည်သား လယ်သမားများက သုံးစွဲ၍ ကောလိယ ကမ်းဘက်မှ ရေကို ကောလိယပြည်သား လယ်သမားများက ယူ၍ မိမိတို့ လယ်ယာများ အတွင်းသို့ စီးဆင်းအောင် သွယ်ယူကာ အသုံးပြုကြလေသည်။
တစ်နှစ်တွင် မိုးနည်းပါး၍ ရေပူရှိန်အား ပြင်းထန်လျက် ဧရာဟဏီ မြစ်အတွင်း ရေစီးခြင်း အားနည်း၍ လယ်သမားများအဖို့ အခက်အခဲနှင့်ကြုံစရာ ဖြစ်ပေါ်လာလေသည်။
ဤတွင် ကပိလဝတ်ပြည်သားများ၊ လယ်သမားများက “ဤရေသည် နှစ်ဦးနှစ်ဖက် သုံးစွဲရန် မလောက်ငသဖြင့် ငါတို့ဘက်ကသာ ရေကုန်ယူ၍ သုံးမည်” ဟု ကောလိယပြည်သား လယ်သမားများကို ပြော၏။
ကောလိယပြည်သား လယ်သမားများကလည်း “နှစ်ဖက်စလုံး၊ မသုံးလောက်ဆိုငြား သင်တို့စကား မှန်ပေ၏။ သို့အတွက် သင်တို့ မသုံးကြပါနှင့်၊ ငါတို့ ကောလိယပြည်သား လယ်သမားများသာ သုံးကြမည်၊ ဖယ်ကြလော့” ဟု ဆို၏။ ဤတွင် နှစ်ဦးနှစ်ဖက် မပြေမလည်ဖြစ်ကာ လယ်သမားအချင်းချင်း ခိုက်ရန်ဒေါသ ဖြစ်ပွားကြကာ ရိုက်နှက် သတ်ပုတ် ကြလေတော့သည်။
လယ်သမားချင်း ဖြစ်သော ရန်ပွဲမှသည် လယပိုင်ရှင်ချင်း ရိုက်ကြနှက်ကြသည်အထိ ဖြစ်ရာမှ နှစ်ဖက် ရွာစားချင်းပါ ရန်မီးပွားလာပြီး၊ မြို့စားချင်း ရိုက်နှက်သတ်ပုတ်ကြသည်ထိ ဖြစ်ကာ ပြည်ထောင်ချင်း မင်းတို့ပါ တစ်ဆင့်တက်၍ ပါလာကြပြီး ဧရာဟဏီမြစ်ကို အလယ်က ထား၍ တစ်ဖက်ကို မင်းသား ၂၅၀-စီ ဓား၊ လှံ၊ လက်နက်စွဲလျက် တိုက်ပွဲဝင်ကြရန် ရက်ချိန်းကြေညာလိုက်သည်ထိ ကြီးကျယ် သွားလေတော့သည်။ ထိုနေ့ကား နယုန်လပြည့်နေ့ ဖြစ်၏။
ထိုဖြစ်အင်ကို သိမြင်တော်မူသော ဘုရားရှင်သည် တစ်ဖက် ၂၅၀-စီ နှစ်ဖက်ပေါင်းတုံ ငါးရာကုန်သော သာကီဝင် မင်းသားတို့၏ အသက်ဆုံးရူံးမူကိုလည်းကောင်း၊ နှစ်ပြည်ထောင်မင်းချင်း စစ်ပြိုင်ခင်းသဖြင့် ငြိုးသူရန်ဘက် ဆက်လက်ဖြစ်ပွား သွားမည့်ဘေးကို လည်းကောင်း တားဆီး ကယ်တင်တော်မူရန် နှစ်ဖက်အပြိုင် အနိုင်လုယက် စစ်ထွက်ရန်ဆိုင်မိသော အချိန်တွင် ရောဟဏီမြစ်ဒအလယ် အဇဋာဝေဟင် ထက်ကောင်းကင်တွင် ဈာန်ယာဉ် သမာပတ် ဝင်စားလျက် တန့်နားကိုယ်ထင် ပြတော်မူလေသည်။
မြတ်ဗုဒ္ဓသခင် ကောင်းကင်ပြင်တွင် ဈာန်ယာဉ်စီးကာ ကြွချီလာသည်ကို မြင်သဖြင့် နှစ်ဖက်သော သာကီဝင်မင်းများသည် လက်နက်များ မြေမှာချ၍ ဘုရားရှင်ကို ဖူးမြင် ဦးခိုက်ကြလေသည်။ ထိုအခါ ဘုရားရှင်က ရေထက် မြေက၊ မြေထက် လူက၊ လူထက် အကျင့်သီလက မြင့်မြတ်ကြောင်းကို ဟောကြားတော်မူလေသည်။
ဘုရားရှင်၏ တရားကို နာကြားရသော ကမ်းနှစ်ဖက်မှ ဘုရား၏ ဆွေတော် မျိုးတော်များမှာ အမျက်ပြေငြိမ်း၍ ဘုရားသခင်၏ ကျေးဇူးတော်ကိုဆပ်ရန် တစ်ဖက်လျှင် ၂၅၀-စီသော သာကီဝင် မင်းတို့အား ပေးအပ်လှူဒါန်းရာ မြတ်စွာဘုရားသခင်သည် မင်းသား ၅၀၀-ကို ရဟန်းပြုလျက် မဟာဝုန်တောသို့ ခေါ်ဆောင်လာခဲ့သည်။
ရဟန်းဖြစ်စ တရားမရမီ အချိန်တွင် ပျင်းရိနေကြသည်ကို သိသော ဘုရားသခင်သည် ရဟန်း ငါးရာတို့အား ဟိမဝန္တာတောရှိ(ကုဏာလ)အိုင်သို့ ဘုရားတန်ခိုးတော် ဈာန်ဖြင့် ခေါ်သွားကာ ကမဋ္ဌာန်း အားထုတ်စေရာ ရဟန္တာဖြစ်ကြပြီး၊ မိမိတို့၏ ကိုယ်ပိုင် တန်ခိုးဈာန်ဖြင့် မဟာဝုန်တောသို့ ပြန်လည် ရောက်ရှိလာကြတော့သည်။
ထိုရဟန်းငါးရာနှင့် တကွ ဘုရား၏ အသရေတော်ကို ဖူးမြော်ရန် ရောက်လာကြသော စကြဝဠာ အတွင်းရှိ နတ်ဗြဟ္မာအပေါင်းတို့အား တစ်ဦးစီ၏ နာမည်များကို မြတ်ဗုဒ္ဓဘုရားက ခေါ်ဝေါ်နူတ်ဆက်ကာ မဟာသမယသုတ်တော်ကို ဟောတော်မူလေသည်။
မဟာသမယသုတ်တော်ကို ဟော်တော်မူသောနေ့သည်ကား နယုန်လပြည့်နေ့ ဖြစ်သတည်း။ ထိုသို့ နတ်၊ ဗြဟ္မအပေါင်းတို့အား တစ်ဦးစီ နာမည်များကို ခေါ်ဝေါ်နူတ်ဆက်ပြီး ရောက်ရှိသော နတ်၊ ဗြဟ္မာ များသည် စရိုက်တစ်ပါးလျှင် တစ်သုတ်စီ ခွဲခြားဟောရသော် အားလုံးကျွတ်တမ်းဝင် မည်ကို မြင်တော်မူလေသည်။
ထိုသို့ မြင်တော်မူပြီး စရိုက် အားကြီးသူတို့ နားလည်လွယ်ရန် အမေးအဖြေပြု၍ ဟောမှ သင့်မည်ဟု ယူဆ၍ နိမ္မိတဘုရားတစ်ဆို ကိုယ်တော်နှင့် တူစွာဖန်ဆင်းတော်မူ၍ နှစ်ဆူသောဘုရားရှင်တို့သည်

  • ရာဂစရိုက် အားကြီးသူတို့အတွက် (သမ္မာပရိဗ္ဗာဇနိယသုတ်)၊
  • ဒေါသစရိုက်အားကြီးသူတို့အတွက် (ကလဟဝိဝါဒသုတ်)၊
  • မောဟစရိုက်အားကြီးသူတို့ အတွက် (မဟာဗျူဟသုတ်)၊
  • သဒ္ဒါစရိုက် အားကြီးသူတို့အတွက် (တုဝဋကသုတ်)၊
  • ဝိတက်စရိုက် အားကြီးသူတို့အတွက် (စူဠဗျူဟသုတ်)၊
  • ပညာစရိုက် အားကြီးသူတို့အတွက် (ပုရာဘေဒသုတ်)

တို့ကို အပြန်အလှန် အမေးအဖြေပြု၍ ဟောတော်မူလေသည်။ ထိုအချိန်မှစ၍ မဟာသမယသုတ်တော် ဖြစ်ပေါ် ရွတ်ဆို ပွားများလာကြသည်။
တရားတော်မြတ်အဆုံးမှာတော့ နတ်၊ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ အရဟတ္တဖိုလ် သို့ရောက်ရှိကြ ပါတယ်။ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် ရောက်ကြသောနတ်ဗြဟ္မာ တို့ကား များပြားလွန်း၍ ရေတွက် လို့တောင်မရနိုင်ပါ။

နယုန်လပြည့်နေ့ ရဲ့ထူးမြတ်တဲ့ဂုဏ်အင်တွေကို တွက်စစ်ရင် —။
၁။ ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့ ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေခြင်း။
၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီးငြိမ်းချမ်းရေးရ တဲ့နေ့ဖြစ်ခြင်း။
၃။ရဟန်း-၅၀၀-လုံး ရဟန္တာဖြစ်တော်မူ တဲ့နေ့ဖြစ် ခြင်း။
၄။နတ်၊ဗြဟ္မာ၊အသူရာ၊ဂဠုန်၊နဂါးများ ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။
၅။မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော ဂဋ္ဌုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက် ဝင်သောနေ့ဖြစ်ခြင်း။
၆။မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

Posted in Knowledge for Dhamma | Leave a Comment »

ထမင်းစားရင်း ပါရမီဖြည့်မယ် – ရဝေနွယ်(အင်းမ)

Posted by blissfulparty on October 5, 2011

“ထမင်းစားရင်း ပါရမီဖြည့်မယ်”

 ရဝေနွယ်(အင်းမ)

မြတ်စွာဘုရား လက်ထက်တော်က မထင်ရှားတဲ့ ရဟန်းငယ်လေး တစ်ပါး ရှိပါတယ်။ အညတရ ရဟန်းလေးလို့ပဲ ဆိုပါတော့ အဲဒီအညတရ ရဟန်းလေးဟာ ဖြစ်ပျက် ကမ္မဋ္ဌာန်း ကို ကြိုးစား အားထုတ်နေပါတယ်။ တရားအားထုတ် နေတုန်းမှာပဲ နားကိုက် ဝေဒနာ ဖြစ်လာ ပါတယ်။ ဒါကြောင့် တရားအားထုတ်လို့ မရတော့ပါဘူး။ နားကိုက် ဝေဒနာကို ဆေးဆရာတွေ ပြပြီးကုပေမယ့် မပျောက်ပါဘူး။ နောက်ဆုံးတော့ အညတရ ရဟန်းငယ်က နားကိုက်ဝေဒနာ ခံစားနေရတာကို  မြတ်စွာ ဘုရားကို သွားလျှောက်ပြပါတယ်။
ဒီတော့ မြတ်စွာဘုရားရှင်က ရဟန်းငယ်ဟာ ပုဇွန်ဆီနဲ့ ချက်ထားတဲ့ ဆွမ်းဘောဇဉ် ကိုစားရင် သပ္ပါယဖြစ်ပြီး ဓာတ်စာဖြစ်မယ်ဆိုတာ သိတော်မူလို့ “ချစ်သား.. သင် မာဂဓ လယ်ကွင်းထဲကို ဆွမ်းခံကြွပါ”လို့ မိန့်လိုက်ပါတယ်။ လယ်တောထဲ ဆိုတော့ ပုဇွန်လုံးပဲ ပေါတာပါ။
အညတရ ရဟန်းကလည်း “ငါ့အတွက် ကောင်းကျိုးမြင်လို့ မိန့်တာပဲ”လို့ နှလုံးသွင်း ပြီးကြွပါမယ်ဆိုတဲ့ အကြောင်းဝန်ခံခဲ့ပါတယ်။ ဒီလိုနဲ့သပိတ် သင်္ကန်းကိုယူပြီး လယ်ကွင်းထဲကို ဆွမ်းခံထွက်ခဲ့ပါတယ်။ လယ် ကွင်းထဲရောက်တော့ လယ်စောင့်တဲ တစ်ခုတွေ့တာနဲ့ တဲတံခါးဝမှာ ဆွမ်းခံရပ်လိုက် ပါတယ်။
လယ်စောင့် ယောင်္ကျားကလည်း အဲဒီအချိန်မှာ ပုဇွန်ဆီနဲ့ စီရင်ထားတဲ့ ထမင်းကို ချက်ထားပြီးစပါ။ ဆွမ်းခံ ရဟန်းတော် ကိုမြင်တော့ တဲထဲကို ပင့်ပြီး အခင်းလေး တစ်ခုပေါ် မှာထိုင်စေပါတယ်။ ပြီးမှ ကိုယ်တိုင် ချက်ထားတဲ့ ပုဇွန်ဆီ ထမင်းကို သပိတ်ထဲလောင်း လိုက်ပါတယ်။
အညတရ ရဟန်းဟာ ပုဇွန်ဆီဆွမ်းကို တစ်လုပ်နှစ်လုတ် စားလိုက်တာနဲ့တင် နားကိုက် ဝေဒနာဟာ အစာနဲ့ဆေး သပ္ပါယသင့်ပြီး ပျောက်သွားပါတယ်။ ဝေဒနာ ပျောက်သွားတော့  ချက်ချင်း စိတ်ချမ်းသာ သွားပါတယ်။ ဒါကြောင့် ဆွမ်းစားရင်း ဖြစ်ပျက် ကမ္မဌာန်းကိုနှလုံး သွင်းပါတယ်။ ဆွမ်းစားလို့ မပြီးခင်မှာဘဲ ရဟန္တာဖြစ်သွား ပါတော့တယ်။
ဒီတော့.. အညတရ ရဟန်းဟာ လယ်စောင့်ဒကာကို “ဒကာ.. သင့်ရဲ့ဆွမ်း ဘောဇဉ်နဲ့ ငါ့ရဲ့ရောဂါ ဝေဒနာလည်း ပျောက်သွားလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ် ရတယ်။ သင်လည်း ဒီကုသိုလ်ကြောင့် ဆင်းရဲမှလွတ်ကင်းပြီး ကိုယ်စိတ် ချမ်းသာဖြစ် လိမ့်မယ်”လို့ ပြောပြီး မိမိကျောင်းကို ပြန်ခဲ့ပါတယ်။
လယ်စောင့် ယောင်္ကျားလည်း သူလောင်းလှူ လိုက်တဲ့ပုဇွန်ဆီ ထမင်း ကုသိုလ်လေး ကို နေ့တိုင်း အောက်မေ့ နေပါတယ်။ ကွယ်လွန်တဲ့ အခါမှာတော့ တာဝတိံသာ နတ်ပြည်မှာ နတ်သား သွားဖြစ်ရပါတယ်။
ထူးခြားတာက နတ်သားရဲ့ ဗိမာန်တံခါးဝမှာ ကုသိုလ် သင်္ကေတဖြစ်တဲ့ ရွှေပုဇွန်လုံး ရုပ်ကြီးပါတွဲလျား ချပေါ်နေပါတော့တယ်။  ထူးထူးခြားခြား ရွှေပုဇွန် ရုပ်ကြီးပေါ်နေတဲ့ အတွက်အားလုံးက “ရွှေပုဇွန်နတ်သား”လို့ပဲ ခေါ်ကြပါတော့သတဲ့။
    (ဝိမာနဝတ္ထုအဋ္ဌကထာ၊ ကက္ကဋကရသဒါယကဝတ္ထု)

လှူသူလည်း အကျိုးရှိ အလှူခံသူလည်း အကျိုးရှိနဲ့ ဖတ်ရတာ ကြည်နူးဖို့ ကောင်းတဲ့ ဝတ္ထုလေးပါ။ လူတွေ ပြောပြောနေကြတဲ့ “မစားတတ်တော့ တဏှာ၊ စားတတ် တော့ဘာဝနာ” ဆိုတဲ့ စကားလေးကို သာဓကပြသွားတဲ့ အညတရ ရဟန်းလေးရဲ့ ဘဝ ဖြစ်စဉ်လေးပါပဲ။
အညတရ ရဟန်းလေးဟာ လူလိုပြောရင်တော့ ထမင်းစားရင်းပဲ တရားအားထုတ် သွားတာပါ။ ထမင်းစားရင်းပဲ တရားထူး တရားမြတ် ရသွားတာပါ။ ဒါကိုထောက်ပြီး ထမင်းစားရင်းလည်း အားထုတ်လို့ ရတယ်ဆိုတာပါပဲ။
ဒီနေရာမှာ တစ်ခုသတိထား ရမှာက နားကိုက်တော့ စိတ်မချမ်းသာ, စိတ်မချမ်းသာ တော့ တရားအားထုတ်လို့ မရဆိုတဲ့ ဆိုးကျိုး အဆင့်ဆင့်လေးကို အာရုံပြထားရပါမယ်။  စိတ်မချမ်းသာ ဘူးဆိုရင် တရားအားထုတ် ရတာလည်း အဆင် မပြေတော့ပါဘူး။
တရားအားမထုတ်ခင် စိတ်ဆင်းရဲစရာတွေ ရှိနေရင် ကြိုရှင်း ထားလိုက်တာ အကောင်းဆုံးပါ။ တရားအားထုတ် နေတုန်း ဒီစိတ်ဆင်းရဲ စရာကိုပဲ တွေးနေမိရင် အားထုတ်ရတာ အဆင်မပြေဖြစ်နေ ပါလိမ့်မယ်။
အညတရ ရဟန်းလေးဟာ တရားအား ထုတ်တာကို အနှောက်အယှက် ပေးနေတဲ့ နားကိုက်ဝေဒနာကို အရင်ကုပစ်လိုက်တာပါ။ ရောဂါ ပျောက်ကင်း သွားတာနဲ့ တရားအား ထုတ်ရတာလည်း အဆင်ပြေ သွားတော့တာပါ။ ဆွမ်းစားရင်း တရားရသွား တာလေးက လည်း အတုယူစရာ လေးပါပဲ။ လိုရင်းကတော့ ထမင်းစားရင်းလည်း တရားအား ထုတ်လို့ ရတယ်ဆိုတာပါပဲ။
သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ရိပ်သာမှာ စားခြင်းသုံးမျိုးကို မကြာခဏ ဟောပြလေ့ရှိပါတယ်။
စားခြင်းသုံးမျိုးကတော့..
၁။ သီလနဲ့စားခြင်း
၂။ သမထနဲ့စားခြင်း
၃။ ဝိပဿနာနဲ့စားခြင်းပါ။
ဆွမ်းစားခါနီးမှာ “ဒီဆွမ်း ဘောဇဉ်တွေကို မြူးတူးပျော်ပါးဖို့၊ အသားအရေ လှပ တင့်တယ်ဖို့ စားတာမဟုတ်ဘူး။ ကိုယ်ကာယ အရှည်တည်တံ့ဖို့၊ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကို ကျင့်နိုင်ဖို့စားတာ”လို့ ဆင်ခြင်လိုက်ရင် ပစ္စယသန္နိဿိတ သီလ ဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့ စားလိုက်တာပါ ၊သီလ ကုသိုလ်တွေရ သွားတာပါ။
ရိပ်သာမှာတော့ “ဤသည့်စားဖွယ် အမယ်မယ်ကို”ဆိုပြီး စားကြတာပါ။ လိုရင်း ကတော့ ဆင်ခြင်ပြီး စားရင်သီလနဲ့ စားတာပါ။ ဆင်ခြင် လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်း လေးပဲရှိပါတယ်။
ရိပ်သာမှာ ဆွမ်းစားခါနီး ဆွမ်းအလှူရှင်တွေ၊ ဝေယျာဝစ္စ ကုသိုလ်ရှင် တွေကို မေတ္တာပို့ပြီးမှ စားကြပါတယ်။ မေတ္တာပွားတာဟာ သမထထဲမှာ ပါတဲ့အတွက် သမထနဲ့ စားလိုက်တာပါ။
အိမ်မှာတော့ ထမင်းဝိုင်းကို ကြည့်ပြီး “ဒီထမင်းဟင်း တွေရှာပေးတဲ့ အဖေ ကိုယ်ဆင်းရဲ ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ၊ ဒီထမင်းဟင်းတွေ ချက်ပေးတဲ့အမေ ကိုယ်ဆင်းရဲ ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ”လို့ မေတ္တာပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ် တွေဖြစ်သွား တော့တာပါ။ မေတ္တာပွားပြီး စားတာဟာ သမထနဲ့ စားလိုက်တာပါ။
မေတ္တာပို့ပြီးစားရင် မိသားစု စားဝတ်နေရေးကို ရှာပေးနေတဲ့ မိဘတွေ အပေါ်မှာလည်း  ပိုပြီး တန်ဖိုးထားတတ် သွားပါတယ်။ ထမင်းဟင်းတွေ ဖြစ်ဖို့ရှာရတဲ့ ကိစ္စဟာ လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။ နေ့တိုင်း စားနေရတော့ တန်ဖိုးလည်း မထားမိ တော့ပါဘူး။
မေတ္တာပို့ပြီးစားတာ ဘာမှလည်း ခက်လှတာ မဟုတ်ပါဘူး။ တကယ့် လွယ်လွယ် လေးပါပဲ။ ကြားရတဲ့ မိဘတွေမှာ လည်းစိတ်ချမ်းသာ၊ ကိုယ်လည်း ကုသိုလ်ရ၊ မုန့်ဖိုး တောင်းရတာလည်း အဆင်ပြေ အကုန်လုံး အဆင်ပြေမှုတွေ ချည်းပါပဲ။
ကိုယ်က လုပ်ငန်းရှင် ဆိုရင်လည်း “ဒီထမင်းဟင်းတွေ ဖြစ်အောင် ကျေးဇူးပြုသူ အားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ”စသည်ဖြင့် မေတ္တာပို့ရုံ ပါပဲ။
ဒီထမင်းဟင်း တွေဖြစ်ဖို့ ကိုယ့်ကို ကျေးဇူးပြု နေတဲ့သူတွေကို ကိုယ်ပဲ အသိဆုံးပါ။ ဒီတော့ ကျေးဇူးပြု သူတွေကို မေတ္တာပို့ စားရမှာပါပဲ။
တတိယက ဝိပဿနာနဲ့ စားတာပါ။ ဒါကတော့ မြတ်စွာဘုရား သဘောအကျဆုံး စားနည်းပါပဲ။
ထမင်းစားပွဲ ထိုင်လိုက်တာနဲ့ ဟင်းခွက်ကို ကြည့်တော့ “ကြည့်တယ်”၊ မြင်တော့ “မြင်တယ်”၊ လှမ်းတော့ “လှမ်းတယ်”၊ ခပ်တော့ “ခပ်တယ်”၊ ယူတော့ “ယူတယ်”၊
ပါးစပ်ဟတော့ “ဟတယ်”၊ ခွံ့တော့ “ခွံ့တယ်”။ ဝါးတော့ “ဝါးတယ်” စသည်ဖြင့် လိုက်မှတ်တာပါ။ အဲဒီလို အမှတ်နဲ့ စားတာဟာ ဝိပဿနာနဲ့ စားတာပါပဲ။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးက ထမင်းစားလို့ ဝါးတဲ့ နေရာမှာ အထက်မေးနဲ့ အောက်မေးနှစ်ခုမှာ ဘယ်မေးက လှုပ်နေတာလဲလို့ မေးပါတယ်။ ရိုရိုသေသေသ ရှုမှတ်တဲ့ ယောဂီတွေကတော့ အောက်မေးက လှုပ်နေတာဆိုတာ သိရပါတယ်။ အဲဒီ အောက်မေး လှူပ်နေတာလေးကိုပဲ မြန်မာ ဝေါဟာရအားဖြင့် “ဝါးတယ်၊ ဝါးတယ်”လို့ ရှုမှတ်ရတာပါ။
တစ်နပ်စာ အကုန်လိုက်မှတ်ဖို့ ကတော့ မလွယ်ကူဘူး ထင်ပါတယ်။ ဒါပေမယ့် ထမင်းအလုတ်သုံးဆယ် စားမယ်ဆိုရင် သုံးလုတ်လောက်တော့ မှတ်လိုက်နိုင်မယ် ဆိုရင် မဆိုးပါဘူး။ တစ်မှတ်ကို ကုသိုလ်တစ်ချက်နဲ့ တွက်ရင်လည်း မနည်းပါဘူး။
ဧည့်ခံပွဲတွေ၊ ညစာစားပွဲ တွေမှာလည်း နှစ်လုတ်သုံးလုတ် လောက်တော့ ရသ လောက်မှတ် ကြည့်ရမှာပါပဲ။ ကိုယ်က ဝိပဿနာနဲ့ စားနေတာကို ဘေးကလူလည်း မသိ ပါဘူး။ ထမင်းဝိုင်းမှာ အချင်းချင်း စကားပြောသံ တွေကြားတော့လည်း “ကြားတယ်” “ကြားတယ်”လို့ မှတ်ရုံပါပဲ။
အညတရ ရဟန်းလေးဟာ ဆွမ်းစားရင်းနဲ့ပဲ တရားအားထုတ်ပြီး တရားထူးတရား မြတ်ရသွားတာပါ။ ကိုယ်ကဒါကို အာရုံပြုထားရပါမယ်။  နှစ်လုတ်သုံးလုတ် လောက် အမှတ်နဲ့စားတာကို နောက်ဘဝတွေ အတွက် အထုံဓာတ်ပါ သွားအောင် ပါရမီဖြည့် နေတယ်လို့ နှလုံးသွင်းထားလို့ လည်းရပါမယ်။ ကောင်းတဲ့အထုံဓာတ် တွေဟာ တရားထူး ရဖို့အတွက်လည်း အများကြီး အထောက်အပံ့ ပေးတာပါ။ ထမင်းစားရင်း ပါရမီဖြည့်တယ် ပဲပြောပြော၊ ထမင်းစားရင်း တရားအားထုတ် တယ်ပဲပြောပြော စကားလေး ကတော့ သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ဘဝမှာ တရားလေးတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။
ဒီစားခြင်းသုံးမျိုးကို သဒ္ဓမ္မရံသီ ဆရာတော်ကြီးက မှတ်ရလွယ်အောင်ဆောင်ပုဒ် ကလေးတွေ စီပေးထားပါတယ်။
၁။ကျင့်နိုင်ဖို့ရာ၊ ဆင်ခြင်ကာ ၊ စားတာ သီလမည်။
၂။ မေတ္တာပွားကာ၊ စားသုံးတာ ၊မှန်စွာ သမထမည်။
၃။ စားသုံးမူရာ၊ ရှုမှတ်ကာ၊ စားတာ ဝိပဿ်မည်။
ဒီနေရာမှာ ဦးဇင်းအရှင် ဆန္ဓာဓိကက စာရေးသူကို သင်ပေးထားတဲ့ ဆွမ်းစား နည်းလေးကိုလည်း ဓမ္မဒါန ပြန်မျှပါရစေဦး။
ဆွမ်းမစားခင် ဆွမ်းဝိုင်း တစ်ဝိုင်းလုံးကို “မြတ်စွာဘုရား.. ဤဆွမ်းဘောဇဉ် အချိုပွဲ များကို ကပ်လှုပူဇော်ပါ၏ ဘုရား ဘုရားတပည့်တော်ကို သနားချီးမြှောက်သော အားဖြင့် ဘုဉ်းပေးသုံးဆောင် တော်မူပါဘုရား”လို့ ဆိုပြီးမြတ်စွာဘုရားကို ကပ်လိုက်ပါတဲ့။ စိတ်ထဲ မှာလည်း မြတ်စွာဘုရား တကယ်ကြွလာပြီး ဘုဉ်းပေးနေတယ်လို့ အာရုံပြုထားပါတဲ့။
မြတ်စွာဘုရား ဘုဉ်ပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာန မေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော်၊မေတ္တာသုတ်(၇)မျိုးရအောင် ရွတ်နေ လိုက်ပါတဲ့။ ပြီးမှ “မြတ်စွာဘုရား…ဘုဉ်းပေးပြီးပြီ ဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား” လို့ဆိုပြီး စွန့်ပြီးစားလိုက်ပါတဲ့။ ဒါဆို ကိုယ့်အတွက် ဆွမ်းဒါန ဖြစ်သွားပါတယ်တဲ့။
ဒီနည်းလေးကိုယူပြီး ဆွမ်းမစားခင် မြတ်စွာဘုရားကို ကပ်ပြီးစားလိုက်ဖို့ပါ။ (၇)မျိုး မရွတ်နိုင်ရင်တောင် နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ ဒါမှ မဟုတ် နမောတဿ၊ သရဏဂုံ၊ ဟေတုပစ္စယော ရွတ်နေလိုက်လည်း ရပါတယ်။ တစ်ခုသတိ ထားရမှာက မွန်းတည့် ဆယ့်နှစ်နာရီ နောက်ပိုင်းမှာတော့ ဘုရားကိုကပ်လို့ မရတော့ပါဘူး။  ကပ်ချင်ရင် ဆယ့်နှစ်နာရီ ရှေ့ပိုင်းပဲ ကပ်ရမှာပါ။
ရှေးခေတ် ဆရာတော်ဘုရားကြီး တွေထေရုပ္ပတ္တိတွေ ဖတ်ရင် ဆရာတော်ဘုရား ကြီးတွေဟာ ဆွမ်းခံပြန်လာရင် သပိတ်လိုက် အဖုံးဖွင့်ပြီး မြတ်စွာဘုရားကို ကပ်ထား လိုက်တာပါ။ ဆွမ်းစားချိန်ကျမှ စွန့်ပြီး စားကြတာပါ။ ဒီခေတ်မှာ ဦးဇင်း တချို့ဆိုလည်း ဘုရားမှာ သပိတ်လိုက်ကပ်ပြီးမှ ဘုဉ်းပေးကြတာပါ။ မန္တလေးက ဆရာတော်၊ ဦးဇင်း၊ ကိုရင် တချို့ဆိုလည်း မဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက် ကပ်ပြီးမှ ဘုဉ်းပေး  တယ်လို့ တဆင့်ကြားဖူးပါတယ်။  မဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက် ကပ်လိုက် ရတာဆိုတော့ အာရုံပြုရတာ ပိုလို့တောင် ကောင်းဦးမှာပါ။ စပယ်ပန်းလေး ကပ်ရ တာတောင် ကြည်နူးလို့ မဆုံးဖြစ်ရတာပါ။
ဘာပဲပြောပြော မြတ်စွာဘုရားကို ဆွမ်းကပ်ပြီးမှ စားရင် ဒါနကုသိုလ် ဖြစ်သွားတာ တော့အမှန်ပါပဲ။ ဒါဆိုရင် ဒါနနဲ့စား လိုက်တာပါပဲ။
သဒ္ဓမ္မရံသီဆရာတော်ကြီးရဲ့ ဆောင်ပုဒ်အတိုင်း မှီးဆိုရရင်တော့..
“ဆွမ်းတော်ကပ်ကာ၊ စားသုံးတာ၊ စားတာဒါနမည်”လို့ ဆိုရပါလိမ့်ပါမယ်။
ဒါဆိုထမင်းစားတာ ၁။ ဒါနနဲ့စားခြင်း၊ ၂။ သီလနဲ့စားခြင်း၊ ၃။ သမထနဲ့စားခြင်း၊ ၄။ ဝိပဿနာနဲ့ စားခြင်းဆိုပြီး စားခြင်းလေးမျိုး ဖြစ်သွားပါလိမ့်မယ်။
ထမင်းစားတိုင်း စားတိုင်း စားခြင်း လေးမျိုးပါအောင် နေ့တိုင်း စားနိုင်ရင်တော့ ကိုယ့်အတွက်ကုသိုလ် (၄)မျိုး ရနေတော့တာပါ။ ဒါတင်မကပါဘူး နောက်ဘဝတွေ အတွက်လည်း ပါရမီအထုံဓာတ် တွေပါသွားဦးမှာပါ။ နောက်ဘဝကို ပါရမီ အထုံဓါတ်တွေ များများပါသွားဖို့ အရေးကြီးပါတယ်။
လယ်စောင့် ဒကာလေးက အညတရ ရဟန်းလေးကို ဆွမ်းတစ်နပ် ကပ်ပြီး နတ် ပြည်ရောက် သွားရတာပါ။ ကိုယ်ကစားခြင်း လေးမျိုးနဲ့ နေ့စဉ် စားနေမယ်ဆိုရင် ပါရမီ အထုံဓာတ်တွေ သာမက သုဂတိဘုံဘဝ အတွက်လည်း အထောက်အပံ့ ပေးနေ မှာပါ။
မြန်မာ့ရာဇဝင်မှာ နရသီဟ ပတေ့မင်းဟာ ဟင်းခွက်ပေါင်း သုံးရာပွဲတော်တည်ပါ သတဲ့။ တရုတ်နဲ့ စစ်ဖြစ်လို့ ပြေးလွှားနေရတဲ့ ကာလမှာ ဟင်းခွက် တစ်ရာ့ငါးဆယ်ပဲ သုံး ဆောင်ရလို့ “ငါဆင်းရဲလိုက်တာ”လို့ ငိုငြီးပါသတဲ့။
နရသီဟ ပတေ့မင်းကြီးမှာ သားတော် ဥဇနာ၊ ကျော်စွာ၊ သီဟသူ၊ သမီးတော် မိစောဦး တို့ရှိပါတယ်။ အမေချင်း တွေတော့ မတူကြပါဘူး။  နရသီဟပတေ့ မင်းပွဲတော် တည်တဲ့အခါ ဥဇနာနဲ့ကျော်စွာကို ဝက်လက်ပေးပြီး သီဟသူကို ဝက်ပေါင်ပေးပါတယ်။ မကြာခဏ ပေးပါများလာတော့ သီဟသူရဲ့အမေ ရှင် မောက်က “သူများသား တွေကျတော့ ဝက်လက်ပေးတယ်၊ ငါ့သားကျတော့ ဝက်ပေါင် ပေးတယ်”ဆိုပြီး မကျေနပ်ပါဘူး။ ဒါကြောင့်သီဟသူအမေ ရှင်မောက်က စားတော်ကဲ ကိုငွေသုံးဆယ် ပေးပြီး ကျော်စွာကို ဝက်ပေါင်ပေးဖို့၊ သူ့သားသီဟသူကို ဝက်လက် ပေးဖို့ လာဘ်ထိုး ပါတယ်။
ဒါကို ကျော်စွာ့အမေ ရှင်ပါးသိတော့ မင်းကြီးကို သွားတိုင်ပါတယ်။ နရသီဟပတေ့ မင်းဟာ လူဘုံအလယ်မှာ မိဖုရားရှင် မောက်ကို “ဝက်လက်ခိုးမ” လို့ဆဲပြီး သားသီဟသူ ကိုလည်း “ဝက်လက်ခိုးမသား”လို့ ဆဲလိုက်ပါတယ်။ နရသီဟပတေ့မင်းဟာ သီဟသူကို စိတ်အလို မကျတိုင်း “ဝက်လက်ခိုးမသား” လို့မကြာခဏ ဆဲရေးတတ် ပါတယ်တဲ့။ ဒီတော့ သားတော်သီဟ သူက အဖေအပေါ် စိတ်နာပြီး အညှိုးအတေး ထားလိုက်ပါတယ်။
တရုတ်နဲ့စစ်ဖြစ်လို့ စစ်ပြေးရင်း ပြည်ကိုရောက်တဲ့ အခါ သားတော်သီဟသူက ရှေ့ ဆက်မသွားဖို့ တားထားလိုက်ပါတယ်။ ပြီးတော့ အဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို ပေးပြီး “စားတော်ခေါ်ပါ”လို့ ဆက်သပါတယ်။ နရသီဟပတေ့မင်းဟာ အဆိပ်ပါမှန်း သိလို့ မစားပါဘူး။ ဒီတော့ သားတော် သီဟသူက ရဲမက်သုံးရာလွှတ်ပြီး ဓားဖွေးဖွေးတွေ နဲ့မင်းကြီး ဖောင်တော်ကို ဝိုင်းထားလိုက်ပါတယ်။
နရသီဟ ပတေ့မင်းဟာ မိဖုရားဖွားစောကို “ဘာလုပ်ရမလဲ” လို့မေးပါတယ်။ မိဖုရားဖွားစောက “အရှင်မင်းကြီး.. ဓား လှံ လက်နက်တွေနဲ့ သွေးသံတရဲရဲ သေရတာ ထက် အဆိပ်စားပြီး သေရတာက မြတ်ပါသေးတယ်”လို့ အကြံပေးပါတယ်။
နရသီဟပတော့မင်းလည်း “ငါသည် နိဗ္ဗာန်မရသေးသရွေ့ သံသရာကျင်လည် ရသမျှဘဝတိုင်း သားယောင်္ကျားကိုမရရပါလို၏”လို့ ဆုတောင်းသစ္စာပြု၊ ဝတ်ထားတဲ့ လက်စွပ်တော်ကို ရေစက်ချပြီး မိဖုရားဖွားစောကို ပေးပါတယ်။ ပြီးမှ အဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို စားပြီးသေသွားပါတယ်။ သေချိန်မှာ သက်တော်ခြောက်ဆယ်လို့ ဆိုပါ တယ်။
ဒီသမိုင်းဖတ်ပြီး “သြော်”လို့ပဲ တလိုက်မိပါတော့တယ်။ ဝက်ပေါင်၊ ဝက်လက် အစားတစ်ခုကို အကြောင်းပြုပြီး သားက အဖေကို သတ်ရတဲ့ အထိဖြစ်သွားရပါတယ်။ စိတ်ထဲမှာလည်း တွေးစရာတွေ အများကြီးပါပဲ။ ဝက်ပေါင်နဲ့ ဝက်လက်ဘာများထူး လို့လဲမသိပါဘူး။ ဘာမှလည်း ထူးမယ်မထင်ပါဘူး။ ပြီးတော့အဖေ လုပ်သူက သားသမီး တွေအပေါ် ပေးကမ်းတာ ဘာဖြစ်လို့ မညီမျှရတာလဲ၊ ညီညီမျှမျှ ဝက်ပေါင်တစ်လှည့်၊ ဝက်လက် တစ်လှည့်စီပေးလိုက်ရင်လည်း ဒီပြဿနာ ဖြစ်ချင်မှဖြစ်မှာပါ။ မိဘဖြစ်သူ တွေအတွက်သတိထားစရာပါပဲ။
မိဘတွေ အနေနဲ့ ဘယ်ပစ္စည်းပဲ ပေးပေး သားသမီးတွေကို ညီညီမျှမျှပေးတာ  အကောင်းဆုံးပါပဲ။ ဒါတင်မကပါဘူး “ဝက်လက်ခိုးမသား” ဆိုတဲ့ စကားတစ်ခွန်း ကြောင့်ပဲ သားလုပ်သူရဲ့ အသတ်ကို ခံသွားရတယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြောမယ့် စကား တစ်ခွန်း အတွက်လည်း သတိထားစရာပါပဲ။ ပြောတဲ့သူက မှတ်မထားပေမယ့် အပြောခံရတဲ့သူကတော့ မမေ့အောင် မှတ်ထားတော့တာပါ။
အမေလုပ် သူကလည်း မချစ်တတ်တဲ့ အချစ်နဲ့ချစ်မိ လိုက်တာပါ။ မချစ်တတ်တာ ကလည်းခက်တာပါပဲ။ ချစ်တော့ချစ်တာပါပဲ၊ မချစ်တတ်တဲ့ အချစ်နဲ့ ချစ်လိုက်တဲ့ အတွက် သားဖြစ်သူကို ပဉ္စာနန္တရိယ ကံကြီးကို ကျူးလွန်ခိုင်းသလို ဖြစ်သွားရပါတယ်။ ဘယ်ဘက် ကကြည့်ကြည့် သံဝေဂ ယူစရာတွေချည်းပါပဲ။ တကယ်လို့များ စာဖတ်သူတို့လို စားခြင်းလေးမျိုးနဲ့သာ စားကြမယ်ဆိုရင် ဒီလို အဖြစ်ဆိုးကြီးကို ကြုံကြရမှာ မဟုတ်ပါဘူး။ သူများကိုသာ ပြောနေရတာပါ။ သံသရာမှာ ကိုယ်လည်း အမှားတွေ ကျူးလွန်ခဲ့ချင် ကျူးလွန်ခဲ့မှာပါ။ မသိနိုင်လို့သာပါ။ တွေးရင် လန့်စရာကြီးပါ။ သတ္တဝါတွေဟာ အစာအဟာရကို မှီပြီးအသက်ရှင် နေကြရတာပါ။ မစားလို့လည်း မရပါဘူး။ သတိကပ် ပြီးအစားကို တရားဖြစ်အောင် စားကြရမှာပါ။ ဒါဆိုရင် ထမင်း စားရင်းပါရမီ ဖြည့်နေတာပါပဲ။ ဘာပဲပြောပြော တစ်နေ့ နှစ်ကြိမ်သုံးကြိမ် စားနေကြရတာ ဆိုတော့ စားခြင်းလေး မျိုးပါနိုင် သမျှပါအောင် ကြိုးစားပြီး စားကြည့်ဖို့ပါပဲလေ။

http://yawainwe.com
ကျမ်းကိုး။   ။
၁။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏တရားစာအုပ်များ ။
၂။ ဝိမာနဝတ္ထုတော်ကြီး ၊ မြို့မိဆရာတော်။
၃။ ဦးကုလားမဟာရာဇဝင်ကြီး (ပထမအုပ်) စာမျက်နှာ ၂၄၂-မှ ၂၅၁) ။
၄။ လောကကြေးမုံ(လေးမြိုင်) ။

Posted in Dhamma, Giving Knowledge | Leave a Comment »

ဂရုဓမ္မအခါတော်နေ့ (တော်သလင်းလပြည့်နေ့)

Posted by blissfulparty on September 12, 2011

ဂရုဓမ္မဆိုသည်မှာ ငါးပါးသီလကိုပင် ဆိုလိုရင်းဖြစ်သည်။ ၅၅၀-တိကနိပါတ် ဂရုဓမ္မဇာတ်တွင် အမြင့်ဆုံး ရှင်ဘုရင်မှ အနိမ့်ဆုံး ပြည့်တန်ဆာမအထိ ၅-ပါးသီလကို စောင့်ထိန်းသောကြောင့် မိုးလေဝသ မှန်ကန်၍ ကပ်ကြီးသုံးပါးမှ လွတ်ကင်းရကြောင်း ဖော်ပြထားသည်။
ဂရုဓမ္မဇာတ်တော် ပေါ်ပေါက်လာရခြင်းမှာ မိုးတွင်းကာလမှာဖြစ်၍ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ အခါတော်နေ့) အဖြစ် ယခုအခါ ကျင်းပလျက်ရှိကြသည်။
ငါးပါးသီလကို ဂရုဓမ္မဇာတ်အရ သူတော်ကောင်းတို့ အလေးထား၍ ကျင့်သုံးအပ်သော သီလဖြစ်သောကြောင့် ဂရုဓမ္မသီလဟူ၍ လည်း ခေါ်ကြသည်။
လူမှန်လျှင် လိုက်နာကျင့်သုံးရမည့် ဓမ္မတာတရားဖြစ်သောကြောင့် ဓမ္မတာသီလဟူ၍လည်း ခေါ်ကြသည်။
စကြာဝတေးမင်းတို့ ဓမ္မသတ်သဖွယ် ကျင့်သုံးသောကြောင့် စက္ကဝတ္တိဓမ္မသတ်ဟူ၍လည်း ခေါ်ကြသည်။
ကုရုတိုင်းနေ လူတို့ လိုက်နာကျင့်သုံးသော တရားဖြစ်သောကြောင့် ကုရုဓမ္မသီလဟူ၍လည်း ခေါ်ကြသည်။
အရေအတွက် ၅-ပါးရှိသောကြောင့် ပဉ္စသီလဟူ၍လည်း ခေါ်ကြသည်။
လူပုဂ္ဂိုလ်တို့၏ ကိုယ်ကျင့်တရားဖြစ်သောကြောင့် ဂဟဋ္ဌသီလဟူ၍လည်း ခေါ်ကြသည်။
လူတို့အမြဲနိစ္စ စောင့်သုံးအပ်သောကြောင့် နိစ္စသီလဟူ၍လည်း ခေါ်ကြသည်။
မြတ်စွာဘုရား တားမြစ်သည့်အတိုင်း ရှောင်ကြဉ်ရသော အကျင့်ဖြစ်သောကြောင့် ဝါရိတ္တသီလဟူ၍လည်း ခေါ်ကြသည်။
အရိယာပုဂ္ဂိုလ်တို့ နှစ်သက်မြတ်နိုးအပ်သောကြောင့် အရိယကန္တသီလဟူ၍လည်း ခေါ်ကြသည်။
ကျင့်သုံးအပ် ကျင့်သုံးသင့် ကျင့်သုံးထိုက်သောကြောင့် သိက္ခာပဒသီလဟူ၍လည်း ခေါ်ကြသည်။
ဤသို့ အမည်အမျိုးမျိုးဖြင့် ဂုဏ်ပြုခေါ်ဆိုထားသော ဂရုဓမ္မသီလခေါ် ၅-ပါးသီလကား
(၁) သူတပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
(၂) သူတပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း။
(၃) ကာမဂုဏ်တို့၌ မှာယွင်းစွာပြုခြင်းမှ ရှောင်ကြဉ်ခြင်း။
(၄) မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း။
(၅) မူးယစ်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။
ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်တို့၏ နားမျက်စိနှင့် တူ၏။
ငါးပါးသီလပျက်စီးသောသူသည် နား မျက်စိ ချို့ယွင်းသောသူကဲ့သို့ ဆင်းရဲဒုက္ခ ရောက်တတ်၏။
ငါးပါးသီလ ပျက်စီးသူသည် အသက်ရှင်လျက် သေသူမည်၏။
အမှိုက်သဖွယ် စွန့်ပစ်အပ်သူ မည်၏။
အပုပ်နံ့ထွက်သော အကောင်ပုပ်နှင့်တူ၏။
ခြေပြတ် လက်ပြတ် ဦးခေါင်းပြတ်သောသူနှင့် တူ၏။
ဤသို့ ငါးပါးဦလပျက်လျှင် ဆိုးကျိုးများကို ခံစားရရှိသည့်နည်းတူ ငါးပါးသီလကို စောင့်ထိန်းလျှင်လည်း ကောင်းကျိုးချမ်းသာများကို အတိုင်းမသိ ခံစား စံစား ရရှိကြပေသည်။
ငါးပါးသီလ စောင့်ထိန်းခြင်း၏ အကျိုးတရားများကို ဣတိဝုတ် အဋ္ဌကထာနှင့် ခုဒ္ဒကပါဌအဋ္ဌကထာတို့တွင် အကျယ်တဝင့် ဖွင့်ဆိုထားသည်မှာ မှတ်သားဖွယ်ကောင်းလှသည်။ ငါးပါးသီလမြဲသူမှာ စားဝတ်နေရေး မပူပင်ရ၊ သေသူအတွက် သောကမရောက်ရ၊ သေပြီးနောက်လည်း နတ်ပြည်သို့ ရောက်ရ၏။ သက်တမ်းစေ့ နေရ၏ စသော အကျိုးကျေးဇူးများကို ခံစားရ၏။
ထို့ပြင် ငါးပါးသီလကို လူတိုင်းကိယ်စီ မြဲကြပါလျှင် မိုးလေဝသ မှန်ကန်သည်။ သယံဇာတ သဘာဝပစ္စည်းများ ပေါကြွယ်နိုင်သည်။ အမှုအခင်းများကင်း၍ တရားရုံးများ အချုပ်ထောင်များပင် ထားစရာမလိုတော့ပေ။ ယနေ့ ကမ္ဘာသူ ကမ္ဘာသားတို့ တောင့်တနေသော ကမ္ဘာ့ငြိမ်းချမ်းရေးကြီးမှာ နိုင်ငံတိုင်း လူသားတိုင်းသာ ငါးပါးသီလ စောင့်ထိန်းကြလျှင် မုချမသွေ ရရှိနိုင်ပေသည်။
ငါးပါးသီလကို ရှေးမြန်မာမင်းများသည် အထူးတန်ဖိုးထားကြသည်။ ဘိုးတော်မင်းတရား မင်းတုန်းမင်းဘုရင် စသူတို့လက်ထက်တွင် ငါးပါးသီလခေါ် ဂရုဓမ္မသီလ အမိန့်တော်ပြန်တမ်းကို ဆင်ပေါ်တင်၍ လေးပြင်လေးရပ် လှည့်လည်ပြီး ငါးပါးသီလစောင့်ထိန်းကြရန် ဝါဆိုကာလ ရောက်သည့်အခါတိုင်း တိုင်းသူပြည်သားတို့အား နှိုးဆော်လေ့ရှိကြသည်။
ငါးပါးသီလစောင့်ထိန်းခြင်းသည် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမကို လိုက်နာကျင့်သုံးခြင်းမည်ရုံသာမက ရှေးမြန်မာဘိုးဘွားတို့၏ ကောင်းမြတ်သော ယဉ်ကျေးမှုဓလေ့ထုံးစံကို လိုက်နာကျင့်သုံးခြင်းလည်း မည်ပေသည်တကား။

Copy from Facebook

Posted in Dhamma, Giving Knowledge | Leave a Comment »

မိတ်ဆွေနှင့်ဆိုင်ရာ သိမှတ်ဖွယ်ရာများ

Posted by blissfulparty on September 9, 2011

မိတ်ဆွေ၏ အပြစ် ၇-ပါး။ ။ ဤ အပြစ် ၇-ပါးတွင် တပါးပါး ရှိသူကို မိတ်ဆွေ မဖွဲ့အပ်ချေ၊ ဟိတောပဒေသ။
(၁) ရဟဿဘေဒ- လျှို့ဝှက်သိုသိပ်အပ်သော အကြောင်းအချက်ကို ထုတ်ဖေါ် ဖွင့်ချခြင်း
(၂) ယာစန- အတောင်းအရမ်းများခြင်း၊
(၃)နိဋ္ဌုရ- ကြင်နာမဖက် ရက်စက် ကြမ်းကြုတ်ခြင်း၊
(၄) စလစိတ္တ- စိတ်ဓာတ်မတည်ခြင်း၊
(၅)ကောဓ- ဒေါသကြီးခြင်း၊
(၆) နိသစ္စ- မဖြောင့်မှန်ခြင်း၊
(၇) ဇုတ- လောင်းတမ်းကစား အပျော်အပါးများခြင်း။

မိတ်ဆွေကောင်း အင်္ဂါ ၇-ပါး( ခ) ခင်ပွန်းကောင်းအင်္ဂါ ၇-ပါး။ ။ သတ္တင်္ဂုတ္တရ။ ပါ။ ၄၂၁- ၄၂၂။ ဋ္ဌ။ ၁၆၂-၌ အကျယ်ရှု။ မိတ်ဆွေကောင်းတို့၌ ရှိထားရမည့် ကိုယ်ကျင့်တရား ၇-ပါး။
(၁) ဒုဒ္ဒတံ ဒဒါတိ- ပေးနိုင်ခက်သော ဝတ္ထုပစ္စည်းကို ပေး၏၊
(၂) ဒုက္ကရံ ကရောတိ- ပြုနိုင်ခက်သော ဝတ္တရားကိုပြု၏၊
(၃) ဒုက္ခမံ ခမတိ- အလွန်အမင်း သည်းခံ၏၊
(၄) ဂုယှမဿ ပရိဂုယှတိ- လျှို့ဝှက်ထိုက်သောအမှုကို မပေါ်အောင် လျှို့ဝှက်ထားတတ်၏၊
(၅) ဂုယှမဿ အာဝီ ကရောတိ- လျှို့ဝှက်အပ်သောအမှုကို သူ့အား လျှို့ဝှက်ရန် ပြောကြားပေး၏၊
(၆) အာပဒါသု န ဝိဇဟတိ- ဘေးရန်ကြုံသောအခါတို့၌ မစွန့် မပစ်ထားခဲ့၊
(၇) ဓန ခိဏေန နာတိ မညတိ- ပစ္စည်းမွဲတေ ဆင်းရဲနေသော်လည်း မထီမဲ့မြင်မပြု။

မိတ်ဆွေမျိုး အပြား ၃-ပါး။ ။ မဟာဝဂ္ဂသံယုတ်။ ပါ။ ၁၃၂။ ဋ္ဌ။ ၂၃၅။ ဤမိတ်ဆွေမျိုး ၃-ပါးတွင် အစဉ်အတိုင်း တပါးထက်တပါး ပိုမိုရင်းနှီးမှုရှိသည် ဟူ၏
(၁) သန္ဒိဋ္ဌ မိတ်ဆွေ- အချင်းချင်း တွေ့ကြူံသွားလာပြောဆိုဘူးသော မိတ်ဆွေမျိုး၊
(၂) သမ္ဘတ္တ မိတ်ဆွေ-အတူတကွ ထမင်းလက်ဆုံ စားဘူးသည် ထိအောင် ရင်းနှီးသော မိတ်ဆွေမျိုး၊
(၃) သမသိက္ခိတ မိတ်ဆွေ-ကျောင်းနေဖက် ကစားဖက် တကျောင်းတည်းထွက် မိတ်ဆွေ, တရားကျင့်သုံး သီတင်းသုံးဖက် မိတ်ဆွေ, ဆရာတူ တပည့်မျိုး။

မိတ်ဆွေမျိုး အပြား ၄-ပါး၊ တနည်း။ ။ ဟိတောပဒေသမှ။
(၁) သြရသ- ရင်၌ဖြစ်သော သားချစ်သ္မီး ပင်ကိုယ်ပြီးသော မိတ်ဆွေ၊
(၂) ကတသမ္ဗန္ဓ- ထိမ်းမြားလက်ထပ် စေ့စပ်၍ ပြုအပ်သော ချွေးမ, သမက် ခမီး ခမက် စသော မိတ်ဆွေ၊
(၃) ဝံသက္ကမာဂတ- မျိုးရိုးမပျက် ဆင်းသက်လာသော အစဉ်အဆက်ဖြစ်သော မိတ်ဆွေ၊
(၄) ဗျသနာရက္ခက- ပစ္စည်းဥစ္စာ ပျက်သောအခါ၌ လာရောက် စောင့်ရှောက် ကူညီ ကာကွယ်ပေးတတ်သော မိတ်ဆွေသစ်။

မိတ်ဆွေဝတ် ၅-ပါး။ ။ သုတ်ပါထေယျ ။ပါ။ ၁၅၅ ။ဋ္ဌ။ ၁၃၉။ ၎င်းင်း သရုပ်အဓိပ္ပါယ်ကို အောက်ပါလင်္ကာ စကားရပ်ဖြင့်သိ၍ လူ့ယဉ်ကျေးမှုကို ပြုကြပါကုန်။
(၁) ပေးကမ်းချီးမြှင့်၊
(၂) ကိုယ်နှင့်ယှဉ်ထား၊
(၃) စီးပွားဆောင်ရွက်၊
(၄) နှုတ်မြွက်ချိုသာ၊
(၅) သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

မိတ်ပျက်ခြင်းရာ၊ ကြောင်း ၄-ဖြာ၊ မိန့်မှာ ကျမ်းနီတိ။ ။ မိတ်ဆွေချင်းမုန်းတီး ပျက်ပြားကြောင်း တရား ၄-ပါး။ (၁) ပရီးပတားပြောကြားနေထိုင်ခြင်း၊
(၂) တဦးထံတဦး လည်ပတ် ဝင်ထွက် သွားလာမှု မရှိခြင်း၊
(၃) ပစ္စည်းဥစ္စာ ပေးယူ ဆက်ဆံမှု မရှိခြင်း၊
(၄) အခါမဟုတ်သည်၌ တောင်းယူချေးငှါး များလွန်းခြင်း။

Copy from http://www.pathamakyawbaka.org

Posted in Dhamma, Giving Knowledge | Leave a Comment »

ဓမ္မစက္ကပ္ပဝတ္တနသုတ် မြန်မာပြန်

Posted by blissfulparty on September 8, 2011

ဓမ္မစက္ကပ္ပဝတ္တနသုတ် မြန်မာပြန်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ ရဟန်းဖြစ်သူသည် အစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ်ပါးတို့နည်း –
ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာ ဖြစ်၍ အရိယာတို့၏အလေ့အကျင့် မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စား အားထုတ်ခြင်း လည်းကောင်း၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့် မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်း လည်းကောင်း ဤနှစ်ပါးတို့တည်း။
ရဟန်းတို့ ဤအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာ ငြိမ်းရန် အလို့ငှါ ဖြစ်၏၊ ထူးသော ဉာဏ်ဖြင့် သိရန် အလို့ငှါ ဖြစ်၏၊ သစ္စာလေးပါးကိုသိရန် အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏။
ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ် အမြင်ကို ပြုတတ်သော ကိလေသာ ငြိမ်းခြင်းငှါ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်သော ထိုအလယ်အလတ် ဖြစ်သော မြတ်သော အကျင့်ကား အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း –
မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်သော ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်သော စကား’သမ္မာဝါစာ’၊ မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’၊ မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။
ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော ဤမြတ်သော အကျင့်သည် ကိလေသာ ငြိမ်းရန် အလို့ငှါ ဖြစ်၏၊ ထူးသော ဉာဏ်ဖြင့် သိရန် အလို့ငှါ ဖြစ်၏၊ (သစ္စာလေးပါးကို) သိရန် အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏။
ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်း ဆင်းရဲ၏၊ နာရခြင်းသည် လည်း ဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ မချစ်သော သူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊ ချစ်သော သူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏။
(၁)
ရဟန်းတို့ ဤသည်ကား ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ အကြင် တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့်တကွ ဖြစ်၏၊ ထိုထို အာရုံ၌ လွန်စွာ နှစ်သက်တတ်၏။ ထိုတပ်မက်မှု ‘တဏှာ’ ဟူသည် အဘယ်နည်း၊ ကာမ၌ တပ်မက်မှု ‘ကာမတဏှာ’၊ သဿတဒိဋ္ဌိနှင့်တကွ ဖြစ်သော တပ်မက်မှု ‘ဘဝတဏှာ’၊ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွ ဖြစ်သော တပ်မက်မှု ‘ဝိဘဝတဏှာ’ တို့တည်း။
(၂)
ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ယင်းဆင်းရဲ၏ ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှု ‘တဏှာ’ ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက် ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တစ်ဖန် စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာပင် ဖြစ်၏။
(၃)
ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ဤအရိယမဂ်သည် အင်္ဂါရှစ်ပါးရှိ၏၊ အင်္ဂါရှစ်ပါးဟူသော်ကား မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’ ။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။
(၄)
ရဟန်းတို့ ”ဤတရားသည် ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏” ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှား ဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ ”ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိထိုက်၏” ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ ”ထိုဆင်းရဲ ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိခဲ့ပြီ” ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဖူး ကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။
(၁)
ရဟန်းတို့ ”ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ ”ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားကို ပယ်အပ်၏” ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ ”ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားကို ပယ်ပြီးပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်’ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၂)
ရဟန်းတို့ ”ဤတရားသည် ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏” ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ ရဟန်းတို့ ”ထိုဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားကို မျက်မှောက် ပြုအပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော နိရောဓသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ ”ထိုဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားကို မျက်မှောက်ပြုပြီးပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၃)
ရဟန်းတို့ ”ဤတရားသည် ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏” ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ ”ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပွားများအပ်၏” ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူး ကုန်သော မဂ္ဂသစ္စာ တရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏၊ ရဟန်းတို့ ”ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပွားများပြီးပြီ” ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် ‘ပညာ’ သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။
(၄)
ရဟန်းတို့ ”ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မစင်ကြယ် သေးသမျှ ကာလပတ်လုံး ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏမင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်မခံခဲ့ချေ။
ရဟန်းတို့ ”ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင်သည် စင်ကြယ်လာသော အခါ၌သာလျှင် ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်ခံခဲ့၏၊ ငါ၏ (ကိလေသာတို့မှ) လွတ်မြောက်မှုသည် မပျက်စီးနိုင်ပြီ၊ ဤကား အဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု ငါ့အား ပစ္စဝေက္ခဏာ ဉာဏ်အမြင်သည် ဖြစ်ပေါ်လာ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီငါးပါး ရဟန်းတို့သည် နှစ်လိုကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူကြလေကုန်၏။

ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောတော်မူသည်ရှိသော် အသျှင်ကောဏ္ဍညအား ”ဖြစ်ခြင်း သဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏” ဟု (ကိလေသာ) မြူ အညစ်အကြေး ကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’ သည် ဖြစ်ပေါ်လာ၏။

ဤသို့ မြတ်စွာဘုရားသည် ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်ရှိသော် ”ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏” ဟု ဘုမ္မစိုးနတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။ ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ”မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူ၏” ဟု စာတုမဟာရာဇ်နတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏။
စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တာဝတိံသာနတ်တို့သည်။ပ။ ယာမာနတ်တို့သည်။ပ။ တုသိတာနတ်တို့သည်။ပ။ နိမ္မာနရတီနတ်တို့သည်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်။ပ။ ”မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ်မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏” ဟု ဗြဟ္မာတို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

ဤသို့လျှင် ထိုအချိန် ထိုအခါ ထိုကာလတွင် အကနိဋ္ဌဗြဟ္မာ့ပြည် တိုင်အောင် ကောင်းချီးသံသည် ပြန့်နံှ့၍ တက်၏၊ ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ ထက်ဝန်းကျင် တုန်လှုပ်၏၊ အတိုင်းအရှည်မရှိ ကြီးမားသော အရောင်အလင်းသည်လည်း လောက၌ နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။

ထိုအခါ မြတ်စွာဘုရားသည် ”ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား၊ ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား” ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ ဤဥဒါန်းကို ကျူးရင့်တော်မူသောကြောင့်သာလျှင် အသျှင်ကောဏ္ဍညအား ‘အညာသိ ကောဏ္ဍည’ ဟူ၍သာ အမည်တွင်၏။

၁ – ဓမ္မစက္ကပ္ပဝတ္တနသုတ်၊ ဓမ္မစက္ကပ္ပဝတ္တနဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

Posted in Dhamma | Leave a Comment »

အလိုတော်ပြည့်ဘုရားရှိခိုးနှင့် ဆွမ်းကပ်နည်း

Posted by blissfulparty on September 8, 2011

အလိုတော်ပြည့်လိုသော ပုဂ္ဂိုလ်များသည် အလိုတော်ပြည့်ဘုရား၌သော်လည်းကောင်း၊ ဘုရားစေတီပုံနှင့် ဘုရားဆင်းတုတော်ပုံရှေ့တော်၌ အောက်ပါ ဆရာတော် ညွှန်ကြားချက်အတိုင်း ပြုလုပ်လှူဒါန်းနိုင်ပါသည်။

၁။ ရှေးဦးစွာ သစ်သီး (၉) မျိုး၊ ပန်း (၉) မျိုး၊ ရေချမ်း (၉) ခွက်၊ ဆွမ်း (၉) ခွက်၊ ဆီမီး (၉) တိုင်၊ ညှိထွန်းပြီး လှူဒါန်းရပါမည်။
(မှတ်ချက်။ ။သစ်သီး (၉) မျိုး လှူးဒါန်းရာ၌ သံပုရာသီး၊ စပျစ်သီး၊ ရှောက်သီး၊ မာလကာသီး၊ ဟင်းချက်စားရသောသီးမျိုးစုံ မပါစေရ။)
၂။ ပန်း (၉) မျိုး၌ အရွက်ပန်းကို ပယ်၍ သပြေညွန့်မှအစ အကုန် လှူဒါန်းနိုင်သည်။
၃။ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး ပြည့်စုံအောင် လှူဒါန်းပြီးသည့်နောက် ဖော်ပြပါ ဘုရားရှိခိုးကို အစီအစဉ်အတိုင်း မလွဲမမှားရအောင် ရှိခိုးရပါမည်။

အလိုတော်ပြည့်ဘုရားရှိခိုး
အလိုတော်ပြည့်မဟာဗုဒ္ဓေါ၊
ဒေဝမနုဿပူဇိတော။
သောရဟော ပစ္စယာဒီနံ၊
မဟာလာဘံ ကရောတု မေ။
မဟာဓနံ ကရောတု မေ၊
မဟာသုခံ ကရောတု မေ။

(အနက်)
အလိုတော်ပြည့်မဟာဗုဒ္ဓေါ- သတ္တဝါတိုင်း ဆန္ဒရှိသမျှ ပြည့်ဝကုန်လုံ တန်ခိုးဂုဏ်ဖြင့် တောင့်တလင့်ဆို အလိုရှိသမျှ ပြည့်ဝရသော အလိုတော်ပြည့်နာမထင်ရှား မြတ်စွာဘုရားသည်၊ ဒေဝမနုဿပူဇိတော- နတ်လူဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူဖြစ်တော်မူထပါပေေသော၊ ပစ္စယာဒီနံ- တကာတကာမတို့ သဒ္ဓါရွှင်လန်း ထာဝရလှူဒါန်း သစ်သီးဆွမ်းနှင့် ဆီမီး, ရေချမ်း, ပန်းအစရှိသည်တို့ကို အလှူတော်မှန် အပူဇော်ကို ခံယူတော်မူထိုက်သော၊ ရဟော- ဆိတ်ကွယ်ရာအရပ်၌ အကုသိုလ်ဒုစရိုက်ဟူသမျှကို ပယ်သတ်တော်မူထသော၊ သော ဗုဒ္ဓေါ- ငါးမာရ်အောင်ဘိ ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်၊ မေ (အမှာကံ)- အလိုပြည့်ရာ ဆန္ဒမှန်ဖြင့် အလိုပြည့်ကြောင်း အောင်ဆုတောင်းကြကုန်သော တပည့်တော်တို့အား၊ ဝရံ- မြတ်လှစွာသော၊ သုခံ- ချမ်းသာခြင်းကို၊ ဝရံ- မြတ်လှစွာသော၊ ဓနံ- စည်းစိမ်းဥစ္စာကို၊ ဝရံ- မြတ်လှစွာသော၊ လာဘံ- လာဘ်သပကာကို၊ ကရောတု- ကရုဏာရှေ့ထား မေတ္တာအားဖြင့် ပေးသနားတော်မူပါ အရှင်မြတ်ဘုရား။

အလိုတော်ပြည့်ဘုရား ဆွမ်းကပ်နည်း
သုဘောဇနံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သုဖလံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သုပုပ္ဖံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သုဥဒကံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။
သုပဒီပံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။

သူသုံးပါးတို့၏ မကိုဋ် ဦးခိုက်ပူဇော်ထိုက်သော အလိုတော်ပြည့် နာမထင်ရှား မြတ်စွာဘုရားကို ဤမွန်မြတ်သော ဆွမ်းတို့ဖြင့်လည်းကောင်း၊ သစ်သီးတို့ဖြင့်လည်းကောင်း၊ ပန်းတို့ဖြင့်လည်းကောင်း၊ အေးမြကြည်လင်သော ရေချမ်းတို့ဖြင့်လည်းကောင်း၊ ဆီမီးတို့ဖြင့်လည်းကောင်း အလိုတော်ပြည့်မြတ်စွာဘုရားအား ရည်မှန်း၍ ပူဇော်ကြပါကုန်၏၊ မြတ်နိုးကြပါကုန်၏၊ ကော်ရော်ကြပါကုန်၏။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ အမြတ်တနိုး လှူဒါန်းရသော ကုသိုလ်ကံစေတနာ တို့ကြောင့် အန္တရာယ်ခပ်သိမ်း ဘေးခပ်သိမ်း ရန်ခပ်သိမ်း ရောဂါခပ်သိမ်း ကင်းငြိမ်းလွင့်ပျောက် မရောက်သည်သာဖြစ်၍ တပည့်တော်တို့ လိုလားတောင့်တအပ်သော တစ်ခုတည်းသောဆုသည် ပြည့်စုံလုံလောက် အပြီးရောက်ပါစေသတည်း။

အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ကံနှစ်မျိုး ပွင့်လင်းရန် ဆုတောင်း
အတီတေ ဝတ္တမာနေ စ၊
ယံ ပုညံ ပကတံ မယံ။
ဣဓေ၀ တဿ ပစ္စက္ခေ၊
ဝိပါကော မေ ဝိပစ္စတု။

တပည့်တော်တို့သည် ဘဝသံသရာ အဆက်ဆက်က ဒါန, သီလ, ဘာဝနာဟုဆိုအပ်သော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်အားထုတ်ခဲ့ကြပါကုန်၏။
ယခုဘဝ၌လည်း ဒါန, သီလ, ဘာဝနာကုသိုလ်ကောင်းမှု အစုစုတို့ကို ပြုလုပ်အားထုတ်ကြပါသည် အရှင်ဘုရား။
ထိုကုသိုလ်ကောင်းမှုနှစ်ခုတို့သည် ယခုအချိန်၌ အကျိုးပေးရာ အချိန်တန်၍ ရင့်ကျက်ဖွံ့ဖြိုး အကျိုးပေးပါစေသတည်း။

သစ္စာပြုဆုတောင်း
ဧတေန သစ္စဝဇ္ဇေန၊
ဧကံ ဆန္ဒံ သမိဇ္ဈတု။

ဧတေန သစ္စဝဇ္ဇေန- ဤသို့ နှုတ်မှန်ဆိုထုတ်ပြန်၍ ဟုတ်မှန်စွာသော သစ္စာစကားကြောင့်၊ ဧကံ ဆန္ဒံ- တစ်ခုတည်းသောဆန္ဒသည်၊ သမိဇ္ဈတု- ပြီးစီးအောင်မြင်ပါစေ သတည်း။

Posted in Dhamma, Knowledge for Dhamma | Leave a Comment »

ဗုဒ္ဓဒေသနာတော်လာ ဘဝကြင်ဖေါ်ရွေးချယ်နည်း

Posted by blissfulparty on September 8, 2011

နကုလပိတာနဲ့ နကုလမာတာတို့ မြတ်ဗုဒ္ဓနဲ့ တွေဆုံတဲ့အချိန်မှာ လျှောက်ထားမေးမြန်း တဲ့စကားလေးရှိတယ် ( အရှင်ဘုရား တပည့်တော်တို့လင်မယား အခုဘဝမှာတစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ၊ ယုယုယယနေရသလိုမျိုး နောက်ဘဝတွေမှာလဲ ပြန်လည်ဆုံ တွေ့ပြီးနေချင်ပါသေးတယ်၊ ဒါကြောင့် ဒီဘဝမှာဘာတွေလုပ်ထားသင့်ပါသလဲ)တဲ့။ အဲ့ဒီတော့ မြတ်ဗုဒ္ဓက……

၁။ သမသဒ္ဓါ (ယုံကြည်ချက်တူရမယ်) ကိုယ့်အိမ်ထောင်ဘက်ကိုရွေးတဲ့အခါ ယုံကြည်ချက် တူတာကိုရွေးရမယ်၊ မင်္ဂလာဆောင်ပြီးမှ ယုံကြည်ချက်မတူလို့ ညှိမရရင် ယုံကြည်ချက်ကို ညှိနေရတာနဲ့ စီးပွားရေးကိုကောင်းကောင်းမလုပ်နိုင်ဘူး။ စီးပွားရေးအဆင်မပြေတော့ အိမ် ထောင်ရေးသုခ မရရှိနိုင်ဘူးပေါ့။
၂။ သမသီလ(ကိုယ်ကျင့်တရားတူရမယ်) ကိုယ်ကျင့်တရားမတူရင်လဲ အေးချမ်းသာယာတဲ့ မိသားစုဘဝကိုပိုင်ဆိုင်မှုရမှာမဟုတ်ဘူး၊ တစ်ယောက်က ဘုရားသွားကျောင်းတတ်ဥပုသ် စောင့်လုပ်ပြီး၊ တစ်ယောက်က နိုက်ကလပ်တတ်ချင်နေရင်းလဲ ဘယ်မှာအဆင်ပြေနိုင်မလဲ၊
၃။ သမစာဂ(စွန့်ကြဲပေးကမ်းမှုတူရမယ်) တစ်ဦးကပေးချင်ပေမယ့်၊ တစ်ဦးက နှမျောတွန့်တို နေရင်လဲ အဆင်မပြေနိုင်ဘူးလေ၊ ဒီနေရာမှာလဲ ပြောစရာတွေက အများကြီးပါ ဘုန်းဘုန်းရဲ့ ပတ်ဝတ်ကျင်မှာရှိတယ် အမျိုးသမီးက စေတနာကောင်းတယ် အလှူအတန်းဝါသနာပါတယ်၊ အမျိုးသားကြတော့ နှမျောတွန့်တိုတယ်၊ ကုန်ကုန်ပြောရရင် မွေးထားတဲ့သားသမီးတောင် ပေါလောရှောလောပဲ ဆင်ပေးချင်တယ်၊ ကြွေးချင်တယ်၊ သူကိုယ်တိုင်လဲ ဒီလိုမျိုးပဲသုံးစွဲတယ်။ နောက်ဆုံးတော့ အမျိုးသားက သူ့မိန်းမကို လှူမှုတန်းမှုတွေနဲ့ ပတ်သက်ပြီး သူ့ဇနီးကို ယိုးစွတ် မှုတွေဖြစ်လာတယ်၊အိမ်ထောင်ရေးက မအေးချမ်းတော့ဘူးပေါ၊ သူတို့အသက်တွေက ၅၀နီးပါး တွေရှိနေပြီး။ ဒါကမတူညီးတဲ့ သဒ္ဓါ(စေတနာ)တရားကို မီးမောင်းထိုးပြတာပါ၊ တစ်ခြားမတူ ညီတာတွေလဲရှိပါသေးတယ်။
၄။ သမပညာ(အသိပညာ အတတ်ပညာတူရမယ်) လောကုတ္တရာပညာတွေက လေးနက် လွန်းလို့ လောကီပညာကိုပဲ ငယ်ရွယ်သူတွေနားလည်အောင်မီးမောင်းထိုးပြမယ်၊ တစ်ယောက် က ဘွဲ့ရပညာတတ်ဆိုရင် ဘွဲ့မရတဲ့သူက ပုထုဇဉ်သဘာဝရဲ့လွဲမှားမှုကို နားလည်ခွင့်လွှတ်မှု မပေးနိုင်ပဲ ဖြစ်မှာပေါ့ စာမှမတတ်တာဆိုတဲ့ တစ်ဘက်ကအားနည်းချက်ကိုပဲ နင်းပြီး အပြစ်တတ်ပြောတယ်၊ အထူးသဖြင့် အမျိုးသမီးဘက်က ပညာအရာမြင့်ပြီး စီးပွားရှာနိုင်ရင် လင်ယောက်ျားကို မထေမဲ့မြင်လုပ်တတ်တယ်၊ ပထမတော့ ဒါတွေကိုမစဉ်းစားကြဘူး၊ အနေ ကြာလို့ ရိုးအီလာတဲ့အချိန်မှာ အချစ်ကအပြစ်ဖြစ်လာတတ်ကြတယ်၊ အခုန လင်မယားမှာပဲ လင်ဖြစ်တဲ့ အမျိုးသားက သူ့မိန်းမကို သဒ္ဓါပဲရှိတယ် ပညာမရှိဘူးဆိုတဲ့ အမျိုးသမီးရဲ့ အလှူ ဒါနမှာပျော်မွေ့မှုကို နှိမ်ချပြောဆိုလာတာတွေဖြစ်လာတယ်။ သူကဘွဲ့ရပညာတတ်ဆိုတော့ သူပဲသိတယ်တတ်တယ်ဆိုပြီး အမျိုးသမီးက အပြစ်ပြောလာပြန်တယ်။
ဒီလိုမတူညီတဲ့အချက်တွေတော်တော်များရှိတဲ့ စုံတွဲတွေမှာ ဘဝတစ်ခုတည်ဆောက် ပြီးရင် ဘယ်လိုမှ အေးချမ်းမှုမရနိုင်တဲ့အတွက် ပစ္စုန်မှာလဲ စိတ်ချမ်းသာကိုယ်ချမ်းသာ မနေနိုင် သလို၊ နောက်ဘဝအတွက် ဒါန၊ သီလ၊ ဘာဝနာကိုကောင်းကောင်းမွန်မွန်မလုပ်နိုင်လို့ နောက် ဘဝဆုံတွေ့ဘို့ဆိုတာ ဝေးပါတယ်၊ ဒါ့ကြောင့် နောက်ဘဝပြန်ဆုံနိုင်ရေးကို နကုလပိတာနဲ့ နကုလမာတာတို့ရဲ့အမေးကို ဗုဒ္ဓကအပေါ်က လေးချက်ကို ဖြေခဲ့တာ၊ တစ်ချို့ဆိုရင် ဆုတောင်မှ တောင်းချင်ရင် တောင်းလိုက်ကြပါဦးမယ်၊ ဒင်းနဲ့ ဟိုတုံးက ဒီလိုမှန်းမသိလို့ အခုဘဝဆုံရတာ ဒီဘဝနောက် ဆုံးပဲဖြစ်ပါစေ၊ နောင်ဖြစ်လေရာ ဘဝအဆက်ဆက် မတွေ့ပါရစေနဲ့လို့ ဒီလိုဆုတောင်းတာမျိုး တောင်ရှိနိုင်ပါသေးတယ်၊ အဲ့ဒီတော့ အိမ်ထောင်မပြုခင် ချစ်သူအဖြစ်ထားတော့မယ်ဆိုရင် ကိုယ့်ရဲ့ဘဝလက်တွဲဖေါ်ကို ဒီလေးချက်နဲ့ ကြိုတင်စဉ်းစားထားသင့်တဲ့ အချက်တွေဖြစ်လို့ ပထမသမဇီဝိတသုတ်ကိုကြည့်ပြီး ရည်းစားထားနည်းလို့တင်စားပြောလိုက်တာပါ၊ ဘုရားရှင်က တော့ ရည်စားဒီလိုထားရမယ်လို့ ဘယ်ဟောပါ့လဲ၊  ဘုရားဟောဒေသနာတော်တွေဟာ အသုံးချ တတ်မယ်ဆိုရင် ပစ္စုပ္ပန်အတွက်လဲ အကျိုးရှိပါတယ်၊ နောင်တမလွန်ဘဝအတွက်ဆိုတာ ပြော စရာလိုမယ်မထင်ပါဘူးလို့ပြောကြားရင်း အွန်လိုင်ပေါ်က တရားပွဲကို သိမ်းလိုက်ကြ ဦးဆို့…..(ရှည်မှာစိုးသဖြင့် အကျဉ်းခြုံးထားပါသည်)

Copy From Ashin Ti Law Ka

Posted in Dhamma, Giving Knowledge | Leave a Comment »

မြတ်စွာဘုရားက လူတွေအတွက်ဘဝနေနည်းပေးခဲ့တယ်။ အရပ်ခြောက်မျက်နှာရှိတဲ့အိမ်ကလေးတစ်လုံးဆောက်ပါတဲ့။ ဘယ်လိုဆောက်ရမလဲ ?

Posted by blissfulparty on September 8, 2011

မြတ်စွာဘုရားက လူတွေအတွက်ဘဝနေနည်းပေးခဲ့တယ်။

အရပ်ခြောက်မျက်နှာရှိတဲ့အိမ်ကလေးတစ်လုံးဆောက်ပါတဲ့။

ဘယ်လိုဆောက်ရမလဲ ?

  • အရှေ့အရပ်မှာမိဘနှစ်ပါး ၊
  • အနောက်အရပ်မှာ သားမယား မိသားစု ၊
  • တောင်အရပ်မှာ ဆရာသမား ၊
  • မြောက်အရပ်မှာ မိတ်ဆွေအသိအကျွမ်း ၊
  • အထက်အရပ်မှာ သူတော်ကောင်းများ နဲ့ရဟန်းသံဃာများ ၊
  • အောက်အရပ်မှာ မိမိထက်နိမ့်တဲ့ မိမိရဲ့ဝန်ထမ်း ၊ အလုပ်သမား ၊ အစေအပါး

တွေကိုထားပြီး ဆောက်ရမယ်တဲ့ ။

အဲဒီအိမ်ကလေးမှာ ဘက်တွေမှားထား ၊ ပြောင်းထားရင် အဲဒီအိမ်မလုံတော့ဘူး။ အိမ်ပျက်သွားတယ်။ အိမ်ပျက်တယ်ဆိုတာ ဘဝပါပျက်သွားတော့တာ။  ဒါကြောင့် ပြောင်းပြန်တွေသွားလှန်ရင် အဲဒီအိမ်ပျက်ဆီးသွားမယ်။ မိဘကို အရှေ့အရပ်မှာထားရမှာ အခုခေတ်မှာ အနောက်အရပ်ချည်းပို ့နေတယ်။ အဲဒါဆို အဲဒီအိမ်ပျက်ပြီသာမှတ်။ ဘယ်တော့မှ မကြီးပွား မတိုးတက်ဘူး။ ဆုတ်ယုတ်ဖို ့ပဲရှိမယ်။

ဆရာသမားတွေကို တောင်အရပ်မှာထားရမယ်။ ညာဘက်မှာ။ အဲဒါကြောင့်လက်ယာဂိုဏ်းသားလို ့ခေါ်တယ်။ တောင်အရပ် ညာဘက်မှာထားရမဲ့ ဆရာသမားတွေကို အောက်အရပ်ပို ့လိုက်ရင် ဘာတွေဖြစ်ကုန်မလဲ။ အဲလိုပြောင်းပြန်တွေ ကိုယ်ထားချင်တာတွေလျှောက်ထားလိုက်ရင် အဲဒီအိမ်ပြိုမှာပဲ ၊ ပျက်မှာပဲ။ ဘဝပျက်မှာပဲတဲ့။

အိမ်တစ်လုံးမှာ အကာ ၆ ခုရှိတယ်။ နံရံ ၄ ဘက်ရယ် ၊ အမိုးရယ် ၊ အကာရယ်။ အမိုးလည်းမပေါက်စေနဲ ့။ အမိုးက ရဟန်းသံဃာ။ မပြစ်မှားနဲ့။ တာင်ဘက်နံရံကြီးလည်း ပေါက်ထွက်မသွားစေနဲ ့။ တောင်ဘက်က ဆရာသမား။ ဆရာသမားတွေကိုလည်း မပြစ်မှား မစော်ကားနဲ့။  အောက်ကြမ်းပြင်လည်း မပေါက်စေနဲ ့။ ဘာလဲ အလုပ်သမားတွေကိုလည်း မဖိနှိပ်နဲ ့။ သူတို ့အခွင့်အရေးကောင်းကောင်းပေး ၊ ကောင်းကောင်းလုပ်ကြ။ ဒီလိုမလား။ နောက်ကျော နံရံက ဘာလဲ သားမယား။ ယောကျာၤး မိန်းမ အပေါ်မှာ သစ္စာမဖောက်နဲ ့။ ကောင်းကောင်းနေကြ။ အဲလိုမဟုတ်ရင်တော့ အနောက်နံရံပေါက်မယ်။

မြတ်စွာဘုရားရှင်က အဲလိုလူနေမှုစနစ်ကို စနစ်တကျဖွဲ့ စည်းတည်ဆောက်ပေးခဲ့တာ။
အဲဒီလို မြတ်စွာဘုရားရှင်ရဲ ့စည်းကမ်းကိုသေသေချာချာလိုက်နာကျင့်သုံးမယ်ဆိုရင် ခရစ်ယာန်ပဲဖြစ်ဖြစ် ၊ မွတ်စလင်ပဲဖြစ်ဖြစ် ဘယ်လူမျိုးမဆို သူတို ့မှာနစ်နာစရာအကြောင်းမရှိဘူး။ ကိုးကွယ်ချင်တဲ့ဘာသာ ကိုးကွယ် ၊ မကိုးကွယ်ချင်လဲနေ ၊ ဒီလူနေမှုစနစ်လေးကိုလိုက်နာမယ်ဆိုရင် အကျိုးကြီးတယ်။ အဆိုးဘယ်တော့မှမဖြစ်ဘူး။

အဲဒီအရပ် ၆ မျက်နှာအိမ်ကြီးထဲမှာ မိဘ နဲ ့သားသမီး အပြန်အလှန် ဝတ် ၁၀ ခုရှိမယ်။ မိဘကလည်းသားသမီးအပေါ် ဝတ် ၅ ခု ၊ သားသမီးကလည်း မိဘအပေါ် ဝတ် ၅ ခု။ အဲလို ဝတ် ၁၀ ခုကျေနေရင် ခိုင်မြဲနေရင် အဲဒီအိမ်ရဲ ့အရှေ့အရပ်သည်လုံခြုံမှုရှိနေပြီ။ နောက် တောင်ဘက်ကဆရာ နဲ ့တပည့် အပြန်အလှန်ဝတ်တရား ၅ ခုစီကျေနပ်ရင်လည်း တောင်အရပ်လုံခြုံမှုရတယ်။ အဲလိုပဲ အနောက်ဘက်က သားမယား ခင်ပွန်းတို ့နဲ ့အပြန်အလှန်ဝတ်တရား ၅ ခုစီကျေနပ်ရင်လည်း နောက်ကျောလုံခြုံမှုရတယ်။ အဲဒီအတိုင်းပဲ အရပ်မျက်နှာတိုင်း ဝတ်တရား ၁၀ ခုစီရှိတဲ့အတွက် အရပ် ၆ မျက်နှာဆိုတော့ ဝတ်တရား ၆၀ ရှိတယ်။

သို့သော် သံဃာတွေအရှင်သူမြတ်တွေကျတော့ ဒကာ ဒကာမတွေအပေါ် တုံ့ ပြန်ရမဲ့ ဝတ်တရားကျတော့ ၅ ပါးမဟုတ်ဘူး။ ၆ ပါးရှိတယ်။ သင်္ဂဇာဆရာတော်ဘုရားကြီးရေးခဲ့တဲ့လင်္ကာလေးရှိတယ်။

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊
အသစ်ဟောကြူး၊ နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု 

ဘာပိုလာလဲဆိုတော့ မေတ္တာလည်းပြုရမယ်တဲ့။ ဘုန်းကြီးတို ့ကတော့ ကိုယ့်ဒကာ ဒကာမတွေအပေါ်မှာ ပိုပိုသာသာရှိပါတယ်ဗျာ။ ပို ့လိုက်ရတဲ့ မေတ္တာဆိုတာ ရောက်လားမရောက်လားတော့မသိဘူး။  အဲဒီအတွက် ၆၁ ပါး။ အားလုံး ဝတ် ၆၁ ပါးရှိတယ်။ အဲဒီအိမ်လေးမှာ ကိုယ့်ဝတ်ကိုယ်ကျေကြမယ်ဆိုရင် အဲဒီအိမ် လုံခြုံမှုရှိနေမယ်။

မှတ်ချက်။
သီတဂူဆရာတော်ကြီးအရှင်ဉာဏိဿရ ဟောကြားတော်မူသော လူ့ ဝိနည်းတရားတော်ကို ကိုယ်တိုင်နာယူမှတ်သားရင်း ကောင်းနိုးရာရာများကို ပြန်လည်တင်ပြလိုက်ရတယ်။

နောက်တစ်ချက်က မိဘတွေအတွက် သားသမီးကို ဘယ်လိုဆိုဆုံးမရမယ်ဆိုတာကို သီတဂူဆရာတော်ကြီးက ပြည့်ပြည့်စုံစုံဟောထားပါတယ်။ အဲဒီတော့ လက်ရှိမိဘများ ၊ နောင်ဖြစ်လတ္တံ ့မိဘများ သေသေချာချာအပြည့်အစုံနာယူချင်တယ်ဆိုရင်တော့
http://www.dhammavideo.com/media/558/1/  မှာသွားရောက်နာယူနိုင်ပါတယ်ခင်ဗျာ။

Posted in Dhamma, Giving Knowledge | Leave a Comment »

Dhammacakkappavattana Sutta: Setting the Wheel of Dhamma in Motion

Posted by blissfulparty on July 15, 2011

Dhammacakkappavattana
Sutta: Setting the Wheel of Dhamma in Motion

translated
from the Pali by

Thanissaro
Bhikkhu

© 1993–2011

Alternate translations: Ñanamoli | Harvey | Piyadassi

I have heard that on one occasion the Blessed One was staying at Varanasi in the Game Refuge at Isipatana. There
he addressed the group of five monks:

“There are these two extremes that are not to be indulged in by one who has gone forth. Which two?
That which is devoted to sensual pleasure with reference to sensual objects: base, vulgar, common, ignoble, unprofitable; and that which is devoted to self-affliction: painful, ignoble, unprofitable. Avoiding both of these extremes, the middle way realized by the Tathagata — producing vision, producing knowledge — leads to calm, to direct knowledge, to self-awakening, to Unbinding.

“And what is the middle way realized by the Tathagata that — producing vision, producing knowledge — leads to calm, to direct knowledge, to self-awakening, to Unbinding? Precisely this Noble Eightfold Path: right view, right resolve, right speech, right action, right livelihood, right effort, right mindfulness,
right concentration. This is the middle way realized by the Tathagata that — producing vision, producing knowledge — leads to calm, to direct knowledge, to self-awakening, to Unbinding.

“Now this, monks, is the noble truth of stress:[1] Birth is stressful, aging is stressful, death is stressful; sorrow, lamentation, pain, distress, & despair are stressful; association with the unbeloved is stressful, separation from the loved is stressful, not getting what is wanted is stressful. In short, the five clinging-aggregates are stressful.

“And this, monks, is the noble truth of the origination of stress: the craving that makes for further becoming — accompanied by passion & delight, relishing now here & now there — i.e., craving for sensual pleasure, craving for becoming, craving for non-becoming.

“And this, monks, is the noble truth of the cessation of stress: the remainderless fading & cessation, renunciation, relinquishment, release, & letting go of that very craving.

“And this, monks, is the noble truth of the way of practice leading to the cessation of stress: precisely this Noble Eightfold Path — right view, right resolve, right speech, right action, right livelihood, right effort, right mindfulness, right concentration.

“Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: ‘This is the noble truth of stress.’ Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: ‘This noble truth of stress is to be comprehended.’ Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before:’ This noble truth of stress has been comprehended.’

“Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: ‘This is the noble truth of the origination of stress’… ‘This noble truth of the origination of stress is to be abandoned’ [2] …
‘This noble truth of the origination of stress has been abandoned.’

“Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: ‘This is the noble truth of the cessation of stress’… ‘This noble truth of the cessation of stress is to be directly experienced’… ‘This noble truth of the cessation of stress has been directly experienced.’

“Vision arose, insight arose, discernment arose, knowledge arose, illumination arose within me with regard to things never heard before: ‘This is the noble truth of the way of practice leading to the cessation of stress’… ‘This noble truth of the way of practice leading to the cessation of stress is to be developed’… ‘This noble truth of the way of practice leading to the cessation of stress has been developed.’ [3]

“And, monks, as long as this — my three-round, twelve-permutation knowledge & vision concerning these four noble truths as they have come to be — was not pure, I did not claim to have directly awakened to the right self-awakening unexcelled in the cosmos with its deities, Maras, & Brahmas, with its contemplatives & priests, its royalty & commonfolk. But as soon as this — my three-round, twelve-permutation knowledge & vision concerning these four noble truths as they have come to be — was truly pure, then I did claim to
have directly awakened to the right self-awakening unexcelled in the cosmos with its deities, Maras & Brahmas, with its contemplatives & priests, its royalty & commonfolk. Knowledge & vision arose in me: ‘Unprovoked is my release. This is the last birth. There is now no further becoming.'”

That is what the Blessed One said. Gratified, the group of five monks delighted at his words. And while this explanation was being given, there arose to Ven. Kondañña the dustless, stainless Dhamma eye: Whatever is subject to origination is all subject to cessation.

And when the Blessed One had set the Wheel of Dhamma in motion, the earth devas cried out: “At Varanasi, in the Game Refuge at Isipatana, the Blessed One has set in motion the unexcelled Wheel of Dhamma that cannot be stopped by priest or contemplative, deva, Maraor God or anyone in the cosmos.” On hearing the earth devas’ cry, the devas of the Four Kings’ Heaven took up the cry… the devas of the Thirty-three… the Yama devas… theTusita devas… the Nimmanarati devas… the Paranimmita-vasavatti devas… the devas ofBrahma’s retinue took up the cry: “At Varanasi, in the Game Refuge at Isipatana, the Blessed One has set in motion the unexcelled Wheel of Dhamma that cannot be stopped by priest or contemplative, deva, Mara, or God or anyone at all in the cosmos.”

So in that moment, that instant, the cry shot right up to the Brahma worlds. And this ten-thousand fold cosmos shivered & quivered & quaked, while a great, measureless radiance appeared in the cosmos, surpassing the effulgence of the devas.

Then the Blessed One exclaimed: “So you really know, Kondañña? So you really know?” And that is how Ven. Kondañña acquired the name Añña-Kondañña — Kondañña who knows.

Notes

1. The Pali phrases for the four noble truths are grammatical anomalies. From these anomalies, some scholars have argued that the expression “noble truth” is a later addition to the texts. Others have argued even further that the content of the four truths is also a later addition. Both of these arguments are based on the unproven assumption that the language the Buddha spoke was grammatically regular, and that any irregularities were later corruptions of the language. This assumption forgets that the languages of the Buddha’s time were oral dialects, and that the nature of such dialects is to contain many grammatical irregularities. Languages tend to become regular only when being used to govern a large nation state or to produce a large body of literature: events that happened in India only after the Buddha’s time. (A European example: Italian was a group of irregular oral dialects until Dante fashioned it into a regular language for the sake of his poetry.) Thus the irregularity of the Pali here is no proof either for the earliness or lateness of this particular teaching.

2. Another argument for the lateness of the expression “noble truth” is that a truth — meaning an accurate statement about a body of facts — is not something that should be abandoned. In this case, only the craving is to be abandoned, not the truth about craving. However, in Vedic Sanskrit — as in modern English — a “truth” can mean both a fact and an accurate statement about a fact. Thus in this case, the “truth” is the fact, not the statement about the fact, and the argument for the lateness of the expression does not hold.

3. The discussion in the four paragraphs beginning with the phrase, “Vision arose…,” takes two sets of variables — the four noble
truths and the three levels of knowledge appropriate to each — and lists their twelve permutations. In ancient Indian philosophical and legal traditions, this sort of discussion is called a wheel. Thus, this passage is the Wheel of Dhamma from which the discourse takes its name.

Copy from http://www.accesstoinsight.org/tipitaka/sn/sn56/sn56.011.than.html

Posted in Dhamma, Giving Knowledge | Leave a Comment »